• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

IMF ၂၀၁၉ခုနှစ် တရုတ်သက္ကရာဇ် နှစ်သစ်ကူး နွေဦးပွဲတော် ပဒေသာကပွဲ ပြုလုပ်

(GMT+08:00) 2019-02-20 10:20:37

        ဒေသစံတော်ချိန် ယခုလ ၁၉ ရက်နေ့က ကမ္ဘာ့ ရန်ပုံငွေအဖွဲ့ IMFသည် ဝါရှန်တန်မြို့၌ ရုံးချုပ်၌ ၂၀၁၉ခုနှစ် တရုတ်သက္ကရာဇ် နှစ်သစ်ကူး နွေဦးပွဲတော် ပဒေသာကပွဲကို ကျင်းပကြောင်း၊ ၂၀၀၉ခုနှစ်မှစ၍ IMFသည် တရုတ်သက္ကရာဇ် နှစ်သစ်ကူး နွေဦးပွဲတော် ပဒေသာကပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ပရိသတ် ၅၀၀ ကျော် ဆွဲဆောင်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ယင်းပဒေသာပွဲတွင် တရုတ် ဆန်ဆန် ဖျော်ဖြေရေးအစီအစဉ်များအပြင် ဗီယက်နမ်၊ တောင်ကိုးရီးယားအပါအဝင် အာရှနိုင်ငံများမှ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်များလည်း တင်ဆက်ပြသထားကြောင်း သိရပါသည်။

   Webradio