• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာနယ်စပ်တည်ငြိမ်မှုကို ကာကွယ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရမည်ဟု တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi အလေးထားပြောကြား

(GMT+08:00) 2019-02-19 15:06:21

    

       တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် ဖေဖောဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ယူနန်ပြည်နယ် တရုတ်-မြန်မာနယ်စပ်သို့ လာရောက်စစ်ဆေးစဉ်တွင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Mr. Xi Jinping ၏ အရေးပါညွှန်ကြားချက် စိတ်ဓာတ်ကို နက်ရှိုင်းစွာကျင့်သုံးဖော်ဆောင်ရမည်ဖြစ်ပြီး တရုတ်-မြန်မာချစ်ကြည်ရေးကို တိုးမြှင့်ကာ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်မှုကို ကာကွယ်ကာ နယ်စပ်ဒေသစည်ပင်သာယာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ရမည်ဟု အလေးထားပြောကြားခဲ့ပါသည်။

      Mr. Wang Yi သည် တရုတ်-မြန်မာနယ်ခြားမြစ်၊ နယ်ခြားမှတ်တိုင်၊ နယ်စပ်အဆောက်အအုံ များ၊ ရွှေလီနယ်စပ်ဂိတ်၊ တရုတ်-မြန်မာရေနံဓာတ်ငွေ့ပိုက်လိုင်းလမ်းကြောင်းနှင့် "နှစ်ပြည်တစ်ရွာ" နယ်စပ်ရပ်ကွက်များသို့ သွားရောက်လေ့လာစစ်ဆေးကြည့်ရှုပြီး နှီးနှောဖလှယ်ပွဲကျင်းပကာ အခြေခံဌာနများနှင့် ရှေ့တန်းလုပ်သားများ၏ ထင်မြင်ချက်နှင့် အကြံပြုချက်များကို ကြားနာခဲ့ပါသည်။ Mr. Wang Yi က တရုတ်-မြန်မာနယ်စပ်သည် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အရေးကြီးသည့် ဆုံချက်ဖြစ်ပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် "Belt and Road" အတူတကွတည်ဆောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုက်ရိုက်သက်ဆိုင် ကြောင်း ပြောကြားခဲ့ပါသည်။ Mr. Wang Yi က တရုတ်-မြန်မာနယ်စပ်လုပ်ငန်း၏ အရေးပါမှုကို အပြည့်အဝနားလည်သိရှိပြီး မြန်မာနိုင်ငံနှင့် ပြည်တွင်းသက်ဆိုင်ရာဌာနများနှင့် စီမံခန့်ခွဲမှုနှင့် ညှိနှိုင်းဆွေးနွေးမှုများကို တစ်ဆင့်တိုးမြှင့်၍ နယ်စပ်စီမံခန့်ခွဲရေးလုပ်ငန်းကို အတူတကွကောင်းမွန် အောင် ဆောင်ရွက်ခြင်းဖြင့် နယ်ခြားမျဉ်းကြောင်း ပြတ်သားတည်ငြိမ်မှုကို ကာကွယ်သင့်ကြောင်း၊ နယ်စပ်စနစ်တကျဖြစ်မှုကို ကာကွယ်ခြင်းဖြင့် တရုတ်နိုင်ငံနယ်စပ်ဒေသရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို အာမခံပေးကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက်လည်း ဆက်လက်အားပေးကူညီသွားမည်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ဒေသ ရေရှည် တည်ငြိမ်အေးချမ်းမှုကို အကောင်အထည်ဖော်ကာ နှစ်နိုင်ငံနယ်စပ်ပြည်သူများ ကုန်ထုတ်လုပ်ရေးနှင့် လူနေမှုဘဝအတွက် ငြိမ်းချမ်း၍ ချစ်ကြည်ရင်းနှီးသော ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့် တရုတ်-မြန်မာနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် တည်ဆောက်မှုကို အင်တိုက်အားတိုက်တွန်းအားပေး၍ နှစ်နိုင်ငံနယ်စပ်ဒေသ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသပြည်သူများ ကူးလူးဆက်ဆံမှုကို အဆင်ပြေလွယ်ကူစေနိုင်ကာ နှစ်နိုင်ငံလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio