• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်ရဲ့ "တရုတ်နှစ်သစ်"

(GMT+08:00) 2019-02-18 10:33:21

ဖိလစ်ပိုင်နိုင်ငံ ချန်တောင် ကဗျာဆရာများအဖွဲ့ ဖွဲ့စည်း တည်ထောင်တဲ့ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မကြာခင်က ကျင်းပခဲ့ပါတယ်။ အဲဒါဟာ ဖိလစ်ပိုင်ရဲ့ "တရုတ်နှစ်သစ်" လှုပ်ရှားမှုရဲ့ နောက်ဆုံး အစီအစဉ် တစ်ရပ် ဖြစ်ပါတယ်။ တရုတ် နှစ်သစ်ကူး နွေဦးပွဲတော်ဟာ ဖိလစ်ပိုင် ပြက္ခဒိန်ပေါ်မှာ ပုံနှိပ်ထားတဲ့ ရက်ထူးရက်မြတ်တွေ ဖြစ်ပြီး တရုတ် သကရာဇ် နှစ်ဆန်း ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံမှာ နေ့တိုင်းလိုလို "တရုတ်နှစ်သစ်" အစီအစဉ်များ ရှိပါတယ်။

နွေဦးပွဲတော် အကြိုနေ့မှာ ဖိလစ်ပိုင် သမ္မတ ဒူတာတေးဟာ သမ္မတရုံးမှာ နွေဦးပွဲတော် နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောပြီး၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံ အကြား ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ နှစ်နိုင်ငံအတွက် ပိုမို များပြားတဲ့ စည်ပင်သာယာမှုနဲ့ စီးပွါးရေး တိုးတက်မှုကို ဆောင်ကြဉ်းလာမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

တရုတ် နွေဦးပွဲတော် နှစ်ဆန်း ၁ ရက်နေ့မှာ မနီလာမြို့ရှိ တရုတ်တန်းမှာ နဂါးအက၊ ခြင်္သေ့အက၊ ပန်းလှည်း လှည့်လည်ပွဲ စတာတွေကို စည်စည်ကားကား ပြုလုပ်ခဲ့တယ်။ ဖိလစ်ပိုင် ဒေသခံများကလည်း တရုတ်တန်းကို သွားရောက်ပြီး တရုတ် နွေဦးပွဲတော်ကို အတူ နွှဲပျော်ခဲ့ကြပါတယ်။

တရုတ် သက်ကရာဇ် နှစ်ဆန်း ၄ ရက်နေ့မှာ အသက် ၁၃ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဖိလစ်ပိုင် ၇ တန်း ကျောင်းသား လာဇာနဲ့ အသက် ၁၅ နှစ်အရွယ် ဖြစ်တဲ့ ကျောင်းနေဖက် သုံးဦးနဲ့ အတူ ဖွဲ့စည်းထားတဲ့ မနီလာ သိပံ္ပပညာ အထက်တန်းကိုယ်စားလှယ်အဖွဲ့ဟာ ၁၂ ကြိမ်မြောက် တရုတ်ပြည်အကြောင်း ပညာယှဉ်ပြိုင်ပွဲမှာ ချန်ပီယံကို ရရှိခဲ့ပါတယ်။ သူတို့ဟာ ရှန်ဟိုင်းမြို့ကို အခမဲ့ သွားရောက် လည်ပတ်ခွင့်ရရှိပြီ ဖြစ်ပြီး ဖိလစ်ပိုင်- တရုတ် မျိုးဆက်သစ် ချစ်ကြည်ရေး သံတမန်များ ဖြစ်နိုင်မယ်လို့ သတင်းရရှိပါတယ်။

   Webradio