• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ရိုးရာ နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ယူနန်ပြည်နယ်မှ ပြည်ပသို့ ခရီး လှည့်လည်သူ များပြား

(GMT+08:00) 2019-02-11 15:22:58

တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှနှင့် တောင်အာရှ နိုင်ငံများနှင့် နယ်နိမိတ်ချင်း ဆက်စပ် သည်။ မကြာခင် နှစ်များတွင် ယူနန်နှင့် အိမ်နီးချင်း နိုင်ငံများတို့သည် လမ်းပန်း ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဆိုင်ရာ အပြန်အလှန် ဆက်သွယ်ရေးနှင့် ပြည်ဝင်ပြည်ထွက် အစီအစဉ် လွယ်ကူစေရေးကို တိုးမြှင့်ပြီး နိုင်ငံဖြတ်ကျော် ခရီးသွားလာရေး အတွက် ကောင်းမွန်သည့် အခြေအနေကို ဖန်တီးပေးကြောင်း၊ ယခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ယူနန်ပြည်နယ်မှ ပြည်ပသို့ သွားရောက် ခရီးလှည့်လည်သည့် ခရီးသည် ဦးရေ များပြားလာကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

၂၀၁၂ခုနှစ်က ကူမင်း-ဘန်ကောက် ကားလမ်းကို စတင်ဖွင့်လှစ်ပြီး ယူနန်၊ စီချွမ်း၊ ချုံချင့်နှင့် ရှန်ဟိုင်း စသည့် ပြည်နယ်မှ လာသည့် ခရီးသည်များစွာသည် ၄င်းကားလမ်းကို အသုံးပြုကာ ကိုယ်ပိုင်ကားများ မောင်းပြီး နိုင်ငံ ဖြတ်ကျော် ခရီးလှည့်လည်ကြကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့မှ ၆ရက်နေ့ အထိ တရုတ်-ဗီယက်နမ် နယ်စပ်ဒေသရှိ ဟိုခို-နယ်စပ်စခန်းမှတစ်ဆင့် ဝင်ထွက်သွားလာသူ ဦးရေမှာ ၁သောင်း၇ထောင်ခန့်ရှိသလို တရုတ်-လာအို နယ်စပ်ဒေသရှိ မွန်လာ-နယ်စပ်စခန်းမှတစ်ဆင့် ဝင်ထွက်သွားလာသူ ဦးရေမှာ ၁သောင်း၃ထောင်ခန့် ရှိကြောင်း၊ ယခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူး ရုံးပိတ်ရက် များတွင် နေ့စဉ်ပျမ်းမျှအားဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ရွှေလီ နယ်စပ်စခန်း မှတစ်ဆင့် မြန်မာ နိုင်ငံသို့ သွားရောက်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ one-day tourတွင် ပါဝင်ကြသည့် ခရီးသည် ဦးရေမှာ ၁၈၀၀ခန့်ရှိကြောင်း သက်ဆိုင်ရာ စာရင်းမှ သိရသည်။

   Webradio