• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၃၂ကြိမ်မြောက်အာဖရိကသမဂ္ဂထိပ်သီးများအစည်းအဝေးထံ ရှီကျင့်ဖိန်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00) 2019-02-11 14:58:51

၃၂ကြိမ်မြောက် အာဖရိကသမဂ္ဂထိပ်သီးများအစည်းအဝေးကို အာတီစ်အာဘာဘာမြို့ တွင် ကျင်းပနေကြောင်း၊ ယင်းအစည်းအဝေးထံသို့ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယမန်နေ့ ၁၀ ရက်နေ့က ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က အာဖရိကသမဂ္ဂသည် အာဖရိကနိုင်ငံများ စည်းလုံးညီညွတ်ပြီး အတူဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးကြောင်း၊ လွန်ခဲ့သည် တစ်နှစ်အတွင်း အာဖရိကသမဂ္ဂ၏ ဦးဆောင်မှုဖြင့် အာဖရိက တစ်ပေါင်းတပြေးညီဖြစ်စေရေး ဖြစ်စဉ်တွင် အရေးကြီးသော တိုးတက်မှုရရှိခဲ့ပြီး အာဖရိကနိုင်ငံများ၏ နိုင်ငံတကာ သြဇာ သက်ရောက်မှုသည် အဆက်မပြတ် တိုမြင့်လာကြောင်း၊ ယင်းအပေါ် မိမိသည် ထောမနာပြုကြောင်း၊ နောင်တွင် အာဖရိကသမဂ္ဂသည် အာဖရိကနိုင်ငံများကို ဦးဆောင်ပြီး ပိုမိုများပြားသည့် တိုးတက်အောင်မြင်မှုများရရှိနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။

 

   Webradio