![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
မြောက်ကိုရီးယား နှင့် အမေရိကန် ခေါင်းဆောင်များ ဒုတိယအကြိမ် တွေ့ဆုံပွဲအတွက် ပြင်ဆင်ရန်အတွက် မြောက်ကိုရီးယားနှင့် အမေရိကန် ကိုယ်စားလှယ်တို့သည် မကြာမီတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း၊ တောင်ကိုရီးယားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ Kim Eui-kyeom က ၁၀ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
မြောက်ကိုရီးယား နှင့် အမေရိကန် ကိုယ်စားလှယ်တို့သည် ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ နောက်ပိုင်း တစ်ပတ်အတွင်း တစ်ရက်ရက်တွင် အာရှတိုက်ရှိ တတိယဖက်နိုင်ငံ၌ ထပ်မံ တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရာရှိကြောင်း၊ မကြာမီရက်များတွင် တောင်ကိုရီးယားသမ္မတ Moon Jae-in နှင့် အမေရိကန်သမ္မတ ထရန့်တို့သည် မြောက်ကိုရီးယား နှင့် အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံပွဲနှင့်ပတ်သက်၍ ကူးလူးဖလှယ်ကြမည်ဖြစ်ကြောင်း Kim Eui-kyeom က ပြောကြားခဲ့ပါသည်။