• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ် မြောက်ကိုးရီးယား-ကန် ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲကို ဟနွိုင်းမြို့၌ ကျင်းပမည်

(GMT+08:00) 2019-02-10 10:46:16

        အမေရိကန်-မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ ဒုတိယအကြိမ် တွေ့ဆုံပွဲကို ယခုလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့က အမေရိကန်သမ္မတ ထရန့်သည် တွစ်တာဝက်ဆိုက်၌ ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ယခုလ ၈ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ မြောက်ကိုးရီးယားအပေါ် ပေါ်လစီများဆိုင်ရာ ကိစ္စများ ဆောင်ရွက်သူ အမေရိကန် အထူး ကိုယ်စားလှယ် စတီဗင်-ဘီဂွန်၏ ယခုလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ခရီးစဉ် အတောအတွင်း နှစ်ဦးနှစ်ဖက်တို့သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ စင်ကာပူ တွေ့ဆုံပွဲတွင် ကတိပြုချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း၊ အမေရိကန်-မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ ဒုတိယအကြိမ် တွေ့ဆုံပွဲမကျင်းပမီ နှစ်ဦးနှစ်ဖက်တို့သည် ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio