• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နွေဦးပွဲတော် အပြန်ခရီးသည်ဦးရေ အများဆုံးအချိန် ရောက်လာမည်

(GMT+08:00) 2019-02-10 10:45:51

        သက်ဆိုင်ရာ စာရင်းများအရ တရုတ် သက္ကရာဇ် နှစ်ဆန်း ၄ ရက်နေ့ဖြစ်သည့် ယခုလ ၈ ရက်နေ့မှစပြီး အပြန်ခရီးသည်ဦးရေများပြားလာကာ မီးရထားဖြင့် ပို့ဆောင်သော ခရီးသည်ဦးရေမှာ ၁၀ သန်းခန့်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၅ ရာခိုင်နှုန်းခန့် တိုးများလာကြောင်း၊ ယခုလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၇ နာရီအထိ အပြန်ခရီးသည်ဦးရေ အများဆုံးသော အချိန်ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ထို့အပြင် လမ်းပန်းဆက်သွယ်ရေးဌာနက မော်တော်ကား မောင်းပြီး အပြန်ခရီးစဉ် ထွက်ခွာကြတဲ့ ခရီးသည်များအနေနှင့် ရာသီဥတုအခြေအနေကို ဂရုစိုက်ပြီး အန္တရာယ်ရှိသော လမ်းပိုင်းကို သတိထားကာ ယဉ်ယဉ်ကျေးကျေး လုံလုံခြုံခြုံ အိမ်ပြန်ကြရန် သတိပေးထားသည်။

   Webradio