• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တံခါးဖွင့်ရေးသည် နေထိုင်မှုဘဝ ပိုမို ချမ်းမြေ့သာယာလာ

(GMT+08:00) 2019-02-08 10:14:48

        တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော်အတွက် ကုန်ပစ္စည်း ဝယ်ယူခြင်းဟာ တရုတ်ပြည်သူများ နေထိုင်မှုဘဝမှာ အရေးကြီးကိစ္စတစ်ရပ် ဖြစ်မြဲဖြစ်နေပါတယ်။ ဒီနှစ် တရုတ်ပြည်သူများရဲ့ နွေဦးပွဲတော် ကုန်ပစ္စည်း အမည်စာရင်းထဲမှာ နိုင်ငံခြားက တင်သွင်းရောင်းချတဲ့ ကုန်ပစ္စည်းအမျိုးအစားဟာ ယမန်နှစ်ကထက် ပိုများလာပြီး ဝယ်ယူကြသည့် သွင်းကုန်ပမာဏလည်း များလာပါတယ်။

ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ ကျင်းပပြီးနောက် ပထမဆုံးအကြိမ် နွေဦးပွဲတော်မှာ သွင်းကုန်ပစ္စည်းများကို နေရာတိုင်းမှာ တွေ့ရပါတယ်။ မူလက တွေ့နေကျတဲ့ ချီလီချယ်ရီသီး၊ ပြင်သစ် ဝိုင်နီ၊ အမေရိကန်အခွံမာသီး၊ အာဂျင်တီးနား အမဲသားနဲ့ ဘယ်လ်ဂျီယံ ချောကလက်အပြင် ဒီနှစ်မှာ ဒီဂျီတယ်သွင်းကုန်ပစ္စည်းနှင့် AI ကုန်ပစ္စည်းများဟာလည်း တရုတ်ပြည်သူများရဲ့ နွေဦးပွဲတော် ကုန်ပစ္စည်း အမည်စာရင်းထဲမှာ ပါဝင်ပါတယ်။ နိုင်ငံဖြတ်ကျော်တဲ့ အွန်လိုင်းကုန်စည်ရောင်းချမှုနှင့် သယ်ယူပို့ဆောင်မှု အပါအဝင် သွင်းကုန်ပစ္စည်း ဝယ်ယူမှုဆိုင်ရာ ပေါ်လစီများ ပိုမိုပြည့်စုံလာသဖြင့် သွင်းကုန်ပစ္စည်းများဝယ်ယူရာမှာ ပိုမိုအဆင်ပြေလာပါတယ်။ လူငယ်တွေက အွန်လိုင်းမှာ သွင်းကုန်ပစ္စည်းဝယ်ယူခြင်းကို ပိုမိုသဘောကျလာကြပါတယ်။ လူကြီးတွေကတော့ အိမ်အနီးအနားမှာရှိတဲ့ဈေးမှာပဲ တရုတ်-ဥရောပ မီးရထား သယ်လာတဲ့ Belt and Road တစ်လျှောက်ရှိ နိုင်ငံများက ကုန်ပစ္စည်းများကို တိုက်ရိုက် ဝယ်ယူချင်ပါတယ်။

များသထက်များလာတဲ့ သွင်းကုန်ပစ္စည်းများဟာ အဆက်မပြတ် တံခါးဖွင့်ထားတဲ့ တရုတ်ဈေးကွက်အတွက် အနက်အဓိပ္ပါယ် ဖွင့်ထားပါတယ်။

   Webradio