• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

(ရှီကျင့်ဖိန်နဲ့ ပြည်သူလူထုများရဲ့ နေထိုင်မှုဘဝ - ၄) သူဟာ ကျောင်းသား ရှီကျင့်ဖိန် ဖြစ်သလို ကလေးငယ်တို့ရဲ့ မိတ်ဆွေကြီးလည်း ဖြစ်တယ်

(GMT+08:00) 2019-02-08 10:14:18

ကလေးငယ်များ ရှေ့မှာ ရှီကျင့်ဖိန်ဟာ ကိုယ်က ကလေးငယ်များရဲ့ မိတ်ဆွေကြီး ဖြစ်တယ်လို့ ပြောလေ့ရှိတယ်။ ရှီကျင့်ဖိန်ဟာ ကလေးသူငယ်များရဲ့ တိုးတက်ရေးကို အမြဲ အလေးထားနေတယ်။ ကျောင်းတက်ဖူးတဲ့ စာသင်ကျောင်းများကို ပြန်လာတဲ့အခါလည်း ရှီကျင့်ဖိန်က၊ ဒီကို ရောက်တော့ ခေါင်းဆောင် ဆိုတာ မရှိဘူး၊ အားလုံး ကျောင်းသားတွေပါ လို့ ပြောတတ်တယ်။

၂၀၁၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ ကမ္ဘာ့ ကလေးများနေ့ ရောက်ခါနီး အချိန်မှာ ရှီကျင့်ဖိန်ဟာ "မိတ်ဆွေကြီး တစ်ဦး" အမည်နဲ့ တစ်ပြည်လုံးရှိ ကလေးသူငယ်များ ကမ္ဘာ့ ကလေးများနေ့ ပျော်ရွှင်ပါစေလို့ ဆုတောင်းတယ်။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ ကလေးများနေ့ ရောက်ခါနီး အချိန်မှာလည်း ရှီကျင့်ဖိန်က သူကျောင်းတက်ခဲ့ဖူးတဲ့ ပီကင်း တိုင်းရင်းသား မူလတန်း ကျောင်းကို ပြန်ရောက်ခဲ့တယ်။ ငယ်ငယ်တုန်းက ဖြစ်ခဲ့ဖူးတဲ့ အကြောင်းတွေကို ပြောမိတဲ့အခါ ရှီကျင့်ဖိန်က၊ ကျွန်တော် အသက် ၄ နှစ် ၅ နှစ် အရွယ်တုန်းက ကျွန်တော်ရဲ့ မေမေက စာအုပ် ဝယ်ပေးပြီး၊ တိုင်းချစ်ပြည်ချစ် သူရဲကောင်း ယွဲ့ဖှေးရဲ့ နိုင်ငံတော် အတွက် ရန်သူများကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်တဲ့ ပုံပြင်နဲ့ ယွဲ့ဖှေးရဲ့ အမေက ယွဲ့ဖှေးရဲ့ ကျောဘက်မှာ"နိုင်ငံတော်အတွက် သစ္စာရှိရှိ အကျိုးဆောင်ပေး" ဆိုတဲ့ စာလုံးတွေကို တက်တူး ထိုးတဲ့ ပုံပြင်တွေကို ပြောပြခဲ့တယ်။ ကျွန်တော်က အဲဒီလို ထိုးတာ နာတာလားလို့ မေးတော့၊ မေမေက၊ နာတော့ နာပေမယ့် ယွဲ့ဖှေးက တစ်သက်လုံး စိတ်နှလုံးမှာ မှတ်ထားသွားမယ်လို့ ပြောပြတယ်။ ဒီစကားကို ကျွန်တော် ခုချိန်ထိ မှတ်မိနေသေးတယ်။ နိုင်ငံတော်အတွက် အကျိုးဆောင်ပေးတာဟာ ကျွန်တော်ရဲ့ တစ်သက်တာလုံး ရည်မှန်းချက်ပဲ ဖြစ်တယ်လို့ ပြောတယ်။

၂၀၁၆ ခုနှစ်က ရှီကျင့်ဖိန်ဟာ မူလတန်းနဲ့ အလယ်တန်း တက်တဲ့ဖူးတဲ့ ပီကင်း ပါးယီး အလယ်တန်းကျောင်းကို ရောက်ရှိခဲ့တယ်။ ရှီကျင့်ဖိန်က ကျောင်းဆရာ၊ ဆရာမဟောင်းများနဲ့ လက်ဆွဲပြီး ပြောတယ်၊ ကျွန်တော် မှတ်ဥာဏ်ထဲမှာ နေရာဟောင်းတွေကို ရှာနေတယ်လေ၊ အခု စာသင်ကျောင်း အခြေအနေ အများကြီး ပြောင်းလဲ တိုးတက်လာပြီ။ ကျွန်တော်က အတိတ်က စာသင်ကျောင်းထဲမှာ ဖြစ်ပွါးခဲ့တာတွေကို လွမ်းဆွတ် သတိရမိနေတယ်၊ ကျောင်းဆရာ ဆရာမများရဲ့ ဆုံးမသွန်သင်တာ၊ ကျောင်းသူကျောင်းသားများ လုပ်ထုံးလုပ်နည်းနှင့် စိတ်ဓါတ်တွေကို သတိရမိတယ်လို့ ပြောတယ်။

ရှီကျင့်ဖိန်က၊ လူတစ်ဦးက ဆရာကောင်း တစ်ဦး တွေ့ရှိတာဟာ လူ့ဘဝ လမ်းကြောင်းထဲမှာ ကံကောင်းစရာ ဖြစ်ပြီး ကျောင်း တစ်ကျောင်းထဲမှာ ဆရာကောင်း တစ်ဦး ရှိတာဟာလည်း အဲဒီကျောင်းရဲ့ ဂုဏ်ယူမိစရာ ဖြစ်တယ်။ တစ်မျိုးသားလုံး ထဲမှာ ဆရာကောင်းများ ဆက်တိုက် ပေါ်ထွက်လာခြင်းဟာ အမျိုးသား တစ်ရပ်လုံးရဲ့ မျှော်လင့်ချက် ရှိရာပဲ ဖြစ်တယ်။ ကျောင်းဆရာ အနေနဲ့ ကျောင်းသားများ အကျင့်စာရိတ္တဆိုင်ရာ လမ်းပြသူ ဖြစ်ရတယ်၊ ကျောင်းသားများ ပညာ သင်ယူဖို့ လမ်းပြသူ ဖြစ်ရတယ်၊ ကျောင်းသားများ ဆန်းသစ်တီထွင်ရေး အတွေးအခေါ်ရဲ့ လမ်းပြသူ ဖြစ်ရတယ်၊ ကျောင်းသားများက အမိနိုင်ငံအတွက် အကျိုးဆောင်ပေးဖို့ လမ်းပြသူ ဖြစ်ရတယ်လို့လည်း မှာကြားခဲ့ပါတယ်။ (ကျော့)

 

   Webradio