• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရတ် လုံခြုံရေးတပ်ဖွဲ့သည် အိုင်အက်စ် အဖွဲ့မှ ကျန်ရစ်သော လက်နက်ကိုင်များအား တိုက်ခိုက်

(GMT+08:00) 2019-02-07 10:36:37

အီရတ် လုံခြုံရေးတပ်ဖွဲ့သည် ယခုလ ၆ ရက်နေ့က စာလာဟပ်ဒင် ပြည်နယ်၌ အိုင်အက်စ် အစွန်းရောက် အဖွဲ့မှ ကျန်ရစ်သော လက်နက်ကိုင်များအား တိုက်ခိုက်ခဲ့ရာ အိုင်အက်စ် လက်နက်ကိုင် ၁၆ ဦးကို ပစ်သတ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အီရတ်နိုင်ငံသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက အိုင်အက်စ် တိုက်ဖျက်ရေးဆိုင်ရာ သမိုင်းဝင် အောင်မြင်မှု ရရှိပြီဟု ကြေညာခဲ့သော်လည်း လက်ရှိအချိန်တွင် ဝေးလံ ခေါင်းပါးရာဒေသ၌ အစွန်းရောက် လက်နက်ကိုင်များ ရှိနေသေးကြောင်း၊ ကုလသမဂ္ဂမှ ထုတ်ပြန်သော အစီရင်ခံစာအရ၊ ယခု အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ် အဖွဲ့ဝင်များ ၂ သောင်းကျော် ရှိနိုင်သေးကြောင်း သိရပါသည်။

   Webradio