• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ပင်လယ် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေး ဆိုင်ရာ အဆိုပြုချက် လေးရပ် တင်ပြ

(GMT+08:00) 2019-02-07 10:32:12

ယခုလ ၅ ရက်နေ့က၊ ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် မာကျော်ရှုသည် ပင်လယ် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး အဆိုပြုချက် လေးရပ်ကို တင်ပြထားကြောင်း၊ ယင်းအဆိုပြုချက်များမှာ သက်ဆိုင်ရာ နိုင်ငံများ၏ သက်ဆိုင်ရာစွမ်းရည်များ တိုးမြှင့်ဖို့ အကူအညီပေးရန်၊ ဒေသတွင်း ရေရှည် စည်းစနစ်ကို တည်ထောင်ရန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားသစ် လောင်းပေးရန်နှင့် ပင်လယ်ကမ်းရိုးတန်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ထောက်ပံ့ကူညီမှုကို တွန်းအားပေးရန်တို့ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

၎င်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio