• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်သည် နိုင်ငံတော် အခြေအနေ အစီရင်ခံစာတမ်း ထုတ်ပြန်

(GMT+08:00) 2019-02-07 10:30:30

အမေရိကန် သမ္မတ ထရန့်သည် ဒေသစံတော်ချိန် ယခုလ ၅ ရက်နေ့ညက အထက်နှင့် အောက်လွှတ်တော် ပူးတွဲ အစည်းအဝေးတွင် ၄င်း၏ တာဝန်သက်တမ်းအတွင်း ဒုတိယ တစ်စောင် နိုင်ငံတော် အခြေအနေ အစီရင်ခံ စာတမ်းကို ထုတ်ပြန်ပြီး၊ အမေရိကန်မှ ပါတီ နှစ်ခု အနေနှင့် သွေးစည်းညီညွတ်ကြရန် လှုံ့ဆော် တိုက်တွန်းသည့်အပြင်၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ကုန်သွယ်ရေးနှင့် နိုင်ငံတော် လုံခြုံရေး စသည့် အကြောင်းဆိုင်ရာ မူဝါဒ ရပ်တည်ချက်များကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းအစီရင်ခံ စာတမ်း ထဲတွင် ထရန့်က၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အမေရိကန် စီးပွါးရေး ဆက်တိုက် တိုးတက်လာပြီး အလုပ်လက်မဲ့မှုနှုန်း ကျဆင်းကာ၊ အခွန် လျှော့ချရေး၊ စွမ်းအင် ဖေါ်ထုတ် ဖွံ့ဖြိုးရေး စသည့်နယ်ပယ်များတွင် တိုးတက်မှု ရရှိကြောင်း ဖေါ်ပြထားပါသည်။

ထို့ပြင် လွှတ်တော် အနေနှင့် ငွေကြေးထုတ်ပေးပြီး နယ်စပ် တံတိုင်း ဆောက်ပေးရန်လည်း ထပ်တစ်ကြိမ် တောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio