• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်သည် မာလ်ပါ့စ်အား လာမည့် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ အဖြစ် အမည် တင်ပြ

(GMT+08:00) 2019-02-07 10:29:07

အမေရိကန် သမ္မတ ထရန့်သည် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ နိုင်ငံတကာ ရေးရာ တာဝန်ခံ ဒုဝန်ကြီး ဒယ်ဗစ်ဒ် မာလ်ပါ့စ်အား လာမည့်အကြိမ် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ အဖြစ် ယခုလ ၆ ရက်နေ့က အမည် တင်ပြခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထရန့်က၊ မာလ်ပါ့စ်သည် ဒုဝန်ကြီး ထမ်းဆောင်စဉ်အတွင်း နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ဘဏ်ဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နေသဖြင့် နှစ် ၄၀ ကြာမြင့်သော စီးပွါးရေး၊ ငွေကြေးနှင့် နိုင်ငံခြား မူဝါဒဆိုင်ရာ အတွေ့အကြုံများ ရှိပါကြောင်း အမည်တင်ပြပွဲ အခမ်းအနား၌ ပြောကြားခဲ့ပါသည်။

   Webradio