• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နှင့် မြောက်ကိုးရီးယား ခေါင်းဆောင်တို့သည် ယခုလ လကုန်ပိုင်းတွင် ဗီယက်နမ်၌ တွေ့ဆုံမည်ဟု ထရန့် ဆို

(GMT+08:00) 2019-02-07 10:26:54

အမေရိကန် သမ္မတ ထရန့်က၊ မိမိနှင့် မြောက်ကိုးရီးယား ထိပ်သီး ခေါင်းဆောင် ကင်ဂျုံအန်တို့၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်း ဒေသစံတော်ချိန် ၅ ရက်နေ့ညက ကြေညာခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက၊ အမေရိကန်၏ မြောက်ကိုးရီးယားဆိုင်ရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ် စတက်ဖွန် ပေကွန်သည် အထက်ပါ တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ယခုလ ၆ ရက်နေ့တွင် မြောက်ကိုးရီးယားသို့ ခရီးလှည့်လည်မည် ဖြစ်ကြောင်း ၄ ရက်နေ့က ကြေညာခဲ့ပါသည်။

   Webradio