• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် တရုတ် နွေဦးပွဲတော် ထောမနာပြု

(GMT+08:00) 2019-02-07 10:25:02

နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နိုင်ငံ အသီးသီးမှ နိုင်ငံတော် အကြီးအကဲများသည် အသွင်ပုံစံမျိုးစုံဖြင့် တရုတ်ပြည်သူများနှင့် အနွယ်ဖွားများအား နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ရွှင်ပါစေဟု ဆုတောင်းကြကြောင်း၊ ၄င်းတို့သည် တရုတ်နိုင်ငံနှင့် လက်တွဲပြီး ပိုမိုသာယာလှပသော အနာဂတ်ရေးကို ဖန်တီးကြန်ရန် လျှော်လင့်သည်ဟု ဖေါ်ပြကြသည့်အပြင် တရုတ်အနွယ်ဖွားများ၏ ဒေသခံ ဖွံ့ဖြိုးရေး အတွက် အကျိုးပြု စွမ်းဆောင်မှုများကိုလည်း ချီးကျူးခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ဗီဒီယိုမြင်ကွင်းမှတစ်ဆင့် နွေဦးပွဲတော် ပျော်ရွှင်ပါစေဟု တရုတ်လိုဖြင့် ပြောကြားသည့်အပြင်၊ တရုတ်နိုင်ငံနှင့် ပြည်သူများက ကုလသမဂ္ဂအတွက် အကျိုးပြု စွမ်းဆောင်ခဲ့ခြင်းကို ကျေးဇူးတင်ရှိသည်ဟုလည်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အမေရိကန် သမ္မတ ထရန့်သည် ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး၊ မိမိနှင့် ဇနီးတို့သည် အားလုံး နှစ်သစ်ကူး ပျော်ရွှင်ပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း ဖေါ်ပြထားပါသည်။

   Webradio