• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူလူထုများ ဇန့်လူမျိုး နှစ်သစ်ကူး နွှဲပျော်

(GMT+08:00) 2019-02-07 10:19:05

ယခုလ ၅ ရက်နေ့သည် တရုတ်သက္ကရာဇ် နှစ်ဆန်း ၁ ရက်နေ့ ဖြစ်သလို ဇန့်လူမျိုး ဝက်နှစ် နှစ်ဆန်း ၁ ရက်နေ့လည်း ဖြစ်ပါသည်။ ဇန်လူမျိုးများသည် ရိုးရာ အစားအစာများ၊ တိုင်းရင်းသား အဆိုအကများဖြင့် နှစ်သစ်ကူး နွှဲပျော်နေကြပါသည်။

ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လာဆာ မြို့တော် ယဉ်ကျေးမှု ဦးစီးဌာန ဒြပ်မဲ့ အမွေအနှစ် ယဉ်ကျေးမှုရေးရာရုံးမှ အရာရှိ လိုဆန်က၊ ၂၀၁၁ ခုနှစ်တွင် ဇန့်လူမျိုး နှစ်သစ် ပွဲတော်ကို နိုင်ငံတော်အဆင့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်း ခဲ့သည့်နောက်ပိုင်း မိမိတို့သည် ရိုးရာ ယဉ်ကျေးမှုများကို ဇန့်လူမျိုး နှစ်သစ်ပွဲတော် မှတစ်ဆင့် ထွန်းကား လာအောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေခဲ့ကြောင်း ပြောကြားပါသည်။

ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ပြုလုပ်သည့် နှစ် ၆၀ အတွင်း၊ အထူးသဖြင့် ၂၀၀၅ ခုနှစ်က နိုင်ငံတော်ကောင်စီသည် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို စတင် ဆောင်ရွက် ခဲ့သည့် နောက်ပိုင်း၊ ရှီးဇန့်နယ်မှ ဒြပ်မဲ့ ယဉ်ကျေးမှုပစ္စည်း သုံးရပ်သည် ကုလသမဂ္ဂ၏ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် အမည်စာရင်းတွင် ဝင်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio