• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

(ရှီကျင့်ဖိန်နဲ့ ပြည်သူလူထုများရဲ့ နေထိုင်မှုဘဝ - ၃) ရှီကျင့်ဖိန်က ဘိုးဘွားများနဲ့ ဒီလို ပြောတယ်

(GMT+08:00) 2019-02-07 09:08:45

တရုတ်ပြည် သက်ကြီးရွယ်အို ဦးရေ တိုးများလာနေတဲ့ ယနေ့မှာ သက်ကြီးရွယ်အိုများရဲ့ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်လာတာဟာ အမြဲဆိုသလို ရှီကျင့်ဖိန် အာရုံစိုက်နေတဲ့ ကိစ္စပဲ ဖြစ်တယ်။

၂၀၁၂ ခုနှစ်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး တာဝန်ကို စတင် ထမ်းဆောင်ခဲ့တဲ့နောက်ပိုင်း ရှီကျင့်ဖိန်ဟာ မကြာခဏ ဆိုသလို ဘိုးဘွားများ ရိပ်သာတွေကို သွားရောက်ပြီး တရုတ်ပြည် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းကို လက်တွေ့ကျ လေ့လာကြည့်ရှုခဲ့တယ်။

၂၀၁၄ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ ရောက်ခါနီးအချိန်မှာ ပီကင်းမြို့ စိကြည့်ချင်း ဘိုးဘွားများ ရိပ်သာမှာ ရှီကျင့်ဖိန်နဲ့ အသက် ၈၀ကျော် ဘိုးဘိုး၊ ဘွားဘွားတို့ဟာ အောက်ပါစကားများ ပြောကြတယ်။

ရှီကျင့်ဖိန်၊ ဘိုးဘိုးဘွားဘွားတို့ ဘာ့လို့ ဒီနေရာ ရွေးတာလဲ

ဘိုးဘိုးဘွားဘွား၊ ဒီမှာ နေထိုင်တာ၊ ဆေးကုတာ အဆင်ပြေတယ်။ သွေးအချိုဓါတ် တိုင်းတာ စစ်ဆေးတာရယ် ဆေးထိုးတာရယ် ခုတင်ပေါ်မှာပဲ လုပ်နိုင်တယ်။ ထမင်း စာတာလည်း အဆင်ပြေတယ်။ ဒီတော့ အချိန်ရှိရင် လုပ်ရှားမှုတွေကို သွား ပါဝင်ကြတယ်။ ရုပ်မြင်သံကြား အစီအစဉ်မှာလည်း ပါဝင် ယှဉ်ပြိုင်ပြီး ဆုကြီး တစ်ခုလည်း ရရှိတယ်လေ

ရှီကျင့်ဖိန်၊ သားသမီးတို့ လာပြုစုတာလား

ဘိုးဘိုးဘွားဘွား၊ ကလေးတို့ ပတ်တိုင်း ပတ်တိုင်း လာကြတတ်တယ်။

ရှီကျင့်ဖိန်၊ အိမ်ကို ပြန်သေးလား

ဘိုးဘိုးဘွားဘွား၊ အိမ်တောင် မပြန်ချင်တော့ဘူး၊ ဒီမှာ အကျင့်သားရနေပြီ

ရှီကျင့်ဖိန်၊ ဘိုးဘိုးဘွားဘွားတွေ ချမ်းမြေ့ပါစေလို့ ဆုတောင်းချင်တယ်

ရှန်ဟိုင်းမြို့ဟာ သက်ကြီးရွယ်အို ဦးရေ များပြားတဲ့မြို့ကြီး ဖြစ်ပြီး ဟုန်ခို မြို့နယ် မှာပဲ အသက် ၆၀ ကျော် သက်ကြီးရွယ်အို ဦးရေဟာ မြို့နယ် စုစုပေါင်း လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော် ရှိနေပြီ။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ရှီကျင့်ဖိန်ဟာ ဟုန်ခို မြို့နယ် ဘိုးဘွားများရိပ်သာ တစ်ခုကို ရောက်ရှိခဲ့တယ်။ ရှီကျင့်ဖိန်က၊ သက်ကြီးရွယ်အို ဦးရေ များပြားလာခြင်းဟာ ဗဟိုအစိုးရ အရေးထားနေတဲ့ ကိစ္စ ဖြစ်တယ်။ သက်ကြီးရွယ်အိုတွေ ချမ်းသာမှု ရှိတာ မရှိတာ၊ ပြုစုစောင့်ရှောက်မှု ကောင်းတာ မကောင်းတာနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေး ကောင်းတာ မကောင်းတာတို့ဟာ ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်ရေးဆိုင်ရာ အရေးကြီး တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်လို့ ပြောတယ်။

အခု ဟုန်ခို မြို့နယ်မှာ သက်ကြီးရွယ်အိုများအား ဝန်ဆောင်မှု တိုးမြှင့်ရေး သုံးနှစ်တာ စီမံကိန်းကို ထုတ်ပြန်ပြီ ဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန် အထိ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးစခန်းကို ၆၀ အထိ တိုးသွားမှာ ဖြစ်ပြီး သက်ကြီးရွယ်အို ထမင်းစားဆောင်ကိုလည်း ၁၀၀ အထိ တိုးသွားမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ရှီကျင့်ဖိန်ဟာ ဟူနန်ပြည်နယ် ရှီပါတုန်ရွာက ဆင်းရဲသူများကို ကြည့်ရှုအားပေးခဲ့တယ်။ ရှီကျင့်ဖိန်က ရှီဖာကျွမ် အမည်ခေါ်တဲ့ ဘွားဘွားကြီး အိမ်ကို ရောက်ရှိခဲ့တယ်။ သူတို့က အောက်ပါစကားတွေ ပြောကြတယ်။

ရှီကျင့်ဖိန်က၊ ကျွန်တော်က ခင်ဗျားကို အမကြီးလို့ ခေါ်မယ်နော်၊ အမကြီးက အသက် ၆၄ နှစ်၊ ကျွန်တော်က အသက် ၆၀ ဖြစ်တယ်။ နောင်မှာ များများ ပြန်တွေ့ရအောင်

ရှီဖာကျွမ်၊ စောင့်မျှော်တာ ကြာလှပြီ။ ရှင်က ခေါင်းဆောင်ကြီးပါ၊ ကျွန်မတို့ အရပ်သူအရပ်သားများကို အလေးထားကြတယ်

ရှီကျင့်ဖိန်၊ ကိုယ်က ပြည်သူများကို အကျိုးဆောင်ပေးသူပါလို့ဖြေကြားတယ်။ (ကျော့)

   Webradio