• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နှစ်သစ်နွေးဦးပွဲတော်မှာ သိပ္ပံနည်းပညာများတိုးတက်မှု အကျိုးရှိလာ

(GMT+08:00) 2019-02-06 11:21:47

        တရုတ်မီးရထားလမ်းလုပ်ငန်း အုပ်စုကထုတ်ပြန်တဲ့ စာရင်းအရ တရုတ်နွေဦးပွဲတော်ရှေ့နောက် ရက် ၄၀ အတောအတွင်းမှာ ခရီးသည် ဦးရေ သန်းပေါင်း ၄၁၃ သန်းကို ပို့ဆောင်မှာဖြစ်ပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၈့၃ ရာခိုင်နှုန်း တိုးများလာကြောင်း၊ တစ်နာရီကို ကီလိုမီတာ ၃၅၀ ခုတ်မောင်းနိုင်တဲ့ "ဖူ့ရှင်း" ကျည်ဆန်ရထားများကိုလည်း နွေးဦးပွဲတော် ခရီးသည်များ သယ်ယူပို့ဆောင်ရေးမှာ ပထမဆုံးအကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းပင်ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါတယ်။

        ကျည်ဆန်ရထားဟာ ပိုမို တိုတောင်းသော အချိန်ထဲမှာ ခရီးသည်များ ပိုမို သက်သောင့်သက်သာ ဇိမ်ရှိရှိနဲ့ ခရီးထွက်သွားနိုင်တဲ့ ပို့ဆောင်ရေး နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ ကြည်ဆန်ရထားအပြင် အွန်လိုင်း ကုန်စည်ရောင်းချမှုနဲ့ အမြန်ချောပို့လုပ်ငန်း ထွန်းကားလာရေးသည်လည်း ပြည်သူနေထိုင်မှုဘဝကို ပိုမို အဆင်ပြေစေလာတယ်။ မိုဘိုင်ဖုန်းနဲ့ပဲ လက်ဆောင်ပစ္စည်းများကို ဝယ်ယူပြီး ပို့ပေးမယ့်လူတွေဆီကို တိုက်ရိုက် ပို့ပေးလို့ရတဲ့အတွက် ဆွေမျိုးတွေ အလည်မသွားခင် လက်ဆောင်ပစ္စည်းတွေ အိမ်ရှင်ဆီကို ကြိုတင်ရောက်လာပါပြီ။

        နှစ်ပေါင်း ၂၀ ကျော်တုန်းက တရုတ်ပြည်မှ မိုဘိုင်ဖုန်း ဈေးကွက်မှာ ဥရောပ၊ ဂျပန်နှင့် တောင်ကိုးရီးယား မိုဘိုင်းဖုန်းတွေများပါတယ်။ နိုင်ငံခြား မိုဘိုင်ဖုန်းတွေဟာ တရုတ် ဝယ်သုံးသူများ ကျေနပ်စေတဲ့ တစ်ချိန်တည်းမှာ တရုတ်ပြည်တွင်း မိုဘိုင်းဖုန်း သုတေသနပြုမှုကိုလည်း တွန်းအားပေးခဲ့ပါတယ်။ ယခုအချိန်မှာ အဆင့်မြင့် မိုဘိုင်ဖုန်းဖြစ်စေ၊ ရိုးရိုးမိုဘိုင်ဖုန်းဖြစ်စေ တရုတ်ပြည်ထုတ် မိုဘိုင်ဖိန်းတွေ မျိုးစုံရောင်းချနေပြီဖြစ်ပြီး HUAWEI ဟာ တရုတ်ဈေးကွက်မှာ ရောင်းချမှု အများဆုံး မိုဘိုင်ဖုန်းဖြစ်လာနေပါတယ်။

   Webradio