• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉ ခုနှစ် နွေဦးပွဲတော် ပဒေသာကပွဲကို တရုတ်ပရိသတ်များ ချီးကျူးကြ

(GMT+08:00) 2019-02-06 11:21:18

        နွေးဦးပွဲတော် အကြိုညကစပြီး တရုတ်သက္ကရာဇ် နှစ်ဆန်းတစ်ရက်နေ့အထိ ၂၀၁၉ ခုနှစ် နွေဦးပွဲတော် ပဒေသာကပွဲကို ၄ နာရီကျော်ကြာ ကျင်းပပြီး ပြည်တွင်းပြည်ပမှ အစီအစဉ်များ ဖမ်းယူ ကြည့်ရှုသူ ပရိသတ်များနှင့်အတူ တရုတ်သက္ကရာဇ် နှစ်ဆန်းတစ်ရက်နေ့ကို ကြိုဆိုကြသည်။ တရုတ်ပြည် အနယ်နယ်အရပ်ရပ်မှ ပြည်သူပြည်သားများသည် ယင်းပဒေသာကပွဲကို တီဗွီ၊ ကွန်ပျူတာနှင့် မိုဘိုင်ဖုန်း စသည်တို့ဖြင့် ကြည့်ရှုရင်း တစ်မိသားစုလုံး သိုက်သိုက်ဝန်းဝန်းရှိနေကြပြီး နွေးဦးပွဲတော် အကြိုည ညစာကို စားကြပါတယ်။ ပရိသတ်များသည် ယင်းပဒေသာကပွဲမှ ဆန်းသစ်တီထွင်မှုကို ချီးကျူးကြပြီး ပဒေသာကပွဲကို ကြည့်ပြီးနောက် စိတ်ကြည်နူးပျော်ရွှင်ကြကြောင်း စီအာအိုင် သတင်းအရ  သိရပါသည်။

       "ခေတ်သစ်သို့ ချီတက်ပြီး ချမ်းမြေ့သော နှစ်သစ် နွှဲပျော်ကြခြင်း" ဆောင်ပုဒ် ဖြစ်သော ယခုအကြိမ် ပဒေသာကပွဲတွင်၊ အဆိုအက၊ မျက်လှည့်၊ ဆပ်ကပ်၊ အော်ပရာ၊ ရိုးရာသိုင်း၊ ဟာသပြဇာတ်၊ ပြက်လုံး စသည်တို့ကို တင်ဆက်ဖျော်ဖြေပြီး ရိုးရာအနုပညာနှင့် နိုင်ငံတကာ ဖက်ရှင် ကျရာများ ရောနှောပေါင်းစပ်ကာ အသက်ကြီး ဝါရင့်အနုပညာရှင်များနှင့် လူငယ်များ လက်တွဲ တင်ဆက်ဖျော်ဖြေကြသည်။ မည်သည့်အသက်အရွယ်မဆို အစီအစဉ်များ ဖမ်းယူ ကြည့်ရ၍ကြပြီး ကြည်ရ၍သူ ပရိသတ်များ စိတ်ကြည်နူး ပျော်ရွှင်စေသည့် အစီအစဉ်များ ပါရှိသည်ဟု ဆိုနိုင်သည်။

   Webradio