• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉ ခုနှစ် နွေဦးပွဲတော် ပဒေသာကပွဲကို မီဒီယာစုံနဲ့ ထုတ်လွှင့်၊ ဖမ်းယူ ကြည့်ရှုသူ ပရိသတ် ၁၁၇၃ သန်းကျော်

(GMT+08:00) 2019-02-06 09:03:26

၂၀၁၉ ခုနှစ် နွေဦးပွဲတော် ပဒေသာကပွဲ မီဒီယာစုံ ထုတ်လွှင့်ရေးဆိုင်ရာ စချိန်သစ် များစွာ တင်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ သက်ဆိုင်ရာ စာရင်းအရ၊ နွေဦးပွဲတော် အကြိုညမှာ တရုတ်ပြည်တွင်းရှိ ရုပ်မြင်သံကြား ချယ်နယ် ၂၃၉ ခုဟာ ပဒေသာကပွဲ အစီအစဉ်များကို တစ်ပြိုင်တည်း ထုတ်လွှင့်ပြီး တစ်ကမ္ဘာလုံးရှိ ပူးပေါင်းဆောင်ရွက်ရေးဘက် ၂၁၈ ခု ကတစ်ဆင့် နိုင်ငံနဲ့ဒေသ ၁၆၂ ခုမှာ ထုတ်လွှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ရုပ်မြင်သံကြား၊ အင်တာနက်၊ လူမှုကွန်ရက် စတာတွေက တစ်ဆင့် ပဒေသာကပွဲကို အချိန်နဲ့တစ်ပြေးညီ တစ်ပြိုင်တည်း ထုတ်လွှင့်ခဲ့ရာ၊ ပြည်တွင်းပြည်ပမှ အစီအစဉ်များ ဖမ်းယူ ကြည့်ရှုသူ ဦးရေဟာ စုစုပေါင်း ၁၁၇၃ သန်း ရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ၄၂ သန်းလောက် တိုးများလာတယ်။ အဲဒါတွေထဲမှာ မီဒီယာသစ်ကတစ်ဆင့် ကြည့်ရှုသူ ဦးရေဟာ ၅၂၇ သန်း ရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ၉၆ သန်းလောက် တိုးလာပါတယ်။ ပြည်တွင်းမှာ ရုပ်မြင်သံကြားမှာ အစီအစဉ်များ ကြည့်ရှုသူနဲ့ အချိန်ရွှေ့ဆိုင်း အစီအစဉ်များ ကြည့်ရှုသူ ဦးရေဟာ ၆၂၁ သန်းကျော် ရှိတယ်၊ နိုင်ငံခြား ဂရိတ်ဝေါ ပလက်ဖေါင်းကတစ်ဆင့် အစီအစဉ်များ ဖမ်းယူ ကြည့်ရှုသူ ဦးရေဟာ ၂၄၈ သိန်းကျော် ရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် သိန်း ၁၁၀ ကျော် တိုးလာပါတယ်။

ဒီနှစ် အင်တာနက် အွန်လိုင်းမှာ နွေဦးပွဲတော် ပဒေသာကပွဲ အပေါ် ကျေနပ် ချီးကျူးမှုနှုန်းဟာ ၉၆့ ၉၈ ရာခိုင်နှုန်းရှိပြီး ပရိသတ်များ အကြိုက်နှစ်သက်ဆုံးသော ပဒေသာကပွဲ တစ်ရပ် ဖြစ်လာတယ်လို့ စာရင်းအရ သိရပါတယ်။

တရုတ် ဗဟို မီဒီယာအုပ်စု ဖွဲ့စည်း တည်ထောင်ခဲ့ပြီးနောက် ပထမဆုံး အကြိမ် နွေဦးပွဲတော် ပဒေသာကပွဲ အဖြစ်နဲ့၊ ဒီနှစ် ပဒေသာကပွဲရဲ့ ဆောင်ပုဒ်ကို ခေတ်သစ်သို့ ချီတက်ပြီး ချမ်းမြေ့သော နှစ်သစ်ကို နွှဲပျော်ကြခြင်း အဖြစ် သတ်မှတ်ထားပါတယ်။ ဗဟို မီဒီယာ အုပ်စုဟာ ဗဟိုရုပ်မြင်သံကြားဌာန၊ ဗဟိုပြည်သူ့အသံလွှင့်ဌာနနဲ့ နိုင်ငံတကာ အသံလွှင့်ဌာနတို့မှ အရင်းအမြစ် အားသာချက်တွေကို အသုံးပြုထားပါတယ်။ ကြည်လင်ပြတ်သားမှု အဆင့်မြင့် 4k နည်းပညာနဲ့ 5GVR စတဲ့ သိပံ္ပနည်းပညာသစ်များကိုလည်း မီဒီယာသစ်မှာ ထည့်သွင်း အသုံးပြုနေပါတယ်။

အင်တာနက်မှာ နွေဦးပွဲတော် ပဒေသာကပွဲ ကြည့်ရူမှုနှုန်းဟာ ၃၀့ ၀၇ ရာခိုင်နှုန်း ရှိပါတယ်။ အင်တာနက် တာမစ်နယ်မှာ ပဒေသာကပွဲ ကြည့်ရှုမှုနှုန်းဟာ ၂့ ၇၄ ရာခိုင်နှုန်း ရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ၀့ ၅ ရာခိုင်နှုန်း တိုးလာပါတယ်။ ဖမ်းယူ ကြည့်ရှုတဲ့ ပရိသတ် ဦးရေဟာ သန်း ၁၁၇၀ ကျော် ရှိပါတယ်။ အဲဒါတွေထဲမှာ အင်တာနက်မှာ တိုက်ရိုက် ကြည့်ရှုမှု နာရီ ပမာဏဟာ စုစုပေါင်း ၁၀၆ သန်း ၂ သိန်း ၆ သောင်းကျော် ရှိပြီး အင်တာနက်မှာ ပဒေသာကပွဲ အစီအစဉ်များ ရွေးချယ် ကြည့်ရှုမှု နာရီ ပမာဏဟာ စုစုပေါင်း၆၂ သန်း ၈ သိန်း ၃ သောင်းလောက် ရှိတယ်လို့ စာရင်းအရ သိရပါတယ်။

ဗဟို မီဒီယာ အုပ်စု ကိုယ်တိုင် ပိုင်ဆိုင်တဲ့ ဗဟိုရုပ်မြင်သံကြားဌာန စီစီတီဗီ ဝက်ဘဆိုဒ် တာမစ်နယ်၊ စီစီတီဗီ သတင်းAPP နဲ့ စီစီတီဗီ သတင်း မိုဘိုင်း ဝက်ဘဆိုဒ်၊ ဗဟိုပြည်သူ့ အသံလွှင့်ဌာန ဝက်ဘဆိုဒ်၊ စီအာအိုင် အွန်လိုင်း စတဲ့ မီဒီယာ ပလက်ဖေါင်းများမှာ ပဒေသာကပွဲ တစ်ရပ်လုံးကို အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်ပေးတဲ့အပြင်၊ အိုင်ချီယီ၊ ထိန်ရွှင့်၊ တစ်ဂ်တော့ဂ်၊ စီနာ ဘလော့ဂ် စတဲ့ စီးပွါးဖြစ် မီဒီယာသစ်များလည်း ပထမဆုံး အကြိမ် အဖြစ် ပဒေသာကပွဲ တိုက်ရိုက် ထုတ်လွှင့်ရေးဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်လာပါတယ်။

 

   Webradio