• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် မာကျော်ရှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဆင့်မြင့် အချေအတင်ဆွေးနွေးပွဲသို့ တက်ရောက်မည်

(GMT+08:00) 2019-02-05 11:02:48

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် ဖြစ်သူ၊ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် မာကျော်ရှုသည် ယခုလ ၄ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြေးစားတပ်ဖွဲ့များ လှုပ်ရှားမှုသည် အာဖရိကတွင် မလုံခြုံမှုနှင့် မတည်ငြိမ်မှုများ ဖြစ်စေသော အရင်းအမြစ် ဖြစ်ခြင်း ခေါင်းစဉ် ဖြစ်သည့် အဆင့်မြင့် တံခါးဖွင့် အချေအတင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မာကျော်ရှုက၊ ကြေးစားတပ်ဖွဲ့များ၏ လှုပ်ရှားမှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အပေါ် ခြိမ်းခြောက်မှု ဖြစ်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိက နိုင်ငံများ၏ ငြိမ်းချမ်းတည်ငြိမ်းရေးကို ပြင်းပြင်းထန်ထန် အန္တရာယ် ဖြစ်နေသည့်အတွက် နိုင်ငံတကာ မိသားစုကြီးက အလေးထားသင့်ကြောင်း ပြောကြားပါသည်။

   Webradio