• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ဆူဒန် သမ္မတတို့သည် နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခြင်း နှစ် ၆၀ ပြည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00) 2019-02-05 11:00:18

ယခုလ ၄ ရက်နေ့သည် တရုတ်နှင့် ဆူဒန် နှစ်နိုင်ငံ သံအဆက်သွယ် ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ယင်းနေ့၌ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဆူဒန် သမ္မတ ဘာရှီရ်တို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင်၊ ဆူဒန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အစောဆုံး သံအဆက်အသွယ် ထားရှိခဲ့သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ရေးသားဖေါ်ပြ ထားပါသည်။

   Webradio