• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်က တာလတ်နှင့် တာလတ် တာတို ဒုံးကျည် စာချုပ်မှ နှုတ်ထွက်ခြင်းသည် နျူကလီးယား လက်နက် အသုံးပြုရေးဆိုင်ရာ ကန့်သတ်မှု လျော့နည်းစေနိုင်ဟု ရုရှား ဆို

(GMT+08:00) 2019-02-05 10:59:02

ရုရှား နိုင်ငံခြားရေး ဝန်ကြီး လာဗ်ရော့ဗ်က၊ အမေရိကန်က တာလတ်နှင့် တာလတ် တာတို ဒုံးကျည် စာချုပ်မှ နှုတ်ထွက်ခြင်းသည် နျူကလီးယား လက်နက် အသုံးပြုရေးဆိုင်ရာ ကန့်သတ်မှု လျော့နည်းစေနိုင်မည် ဖြစ်ကြောင်း ယခုလ ၄ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

လာဗ်ရော့ဗ်က၊ အမေရိကန်က တာလတ်နှင့် တာလတ် တာတို ဒုံးကျည် စာချုပ်ပါ ဝတ္တရား ထမ်းဆောင်ခြင်းကို ယာယီ ရပ်စဲသည့် ရည်ရွယ်ချက်မှာ လက်နက် ထိန်းချုပ်ရေးနှင့် စစ်ဆင်နွှဲရေး လက်နက်များ ကန့်သတ်ရေး စနစ်ကို ဖျက်ဆီးရန် ဖြစ်ကြောင်း၊ ယင်းအတွက် ရုရှားသည် ဝမ်းနည်းပါကြောင်း၊ အမေရိကန်၏ လုပ်ရပ်သည် နျူကလီးယားလက်နက် အငြင်းပွါးမှု ဖြစ်ပွါးရန် အန္တရာယ် တိုးစေနိုင်မည်ဟု ရုရှားက ယူဆကြောင်း ပြောကြားပါသည်။

   Webradio