• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် အမေရိကန်နှင့် မက္ကဆီကို နယ်စပ်သို့ စစ်သား ၃၇၅၀ တိုးမြှင့်ဖြည့်ဆည်း စေလွှတ်မည်

(GMT+08:00) 2019-02-05 10:55:45

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက၊ နိုင်ငံတော် နယ်မြေ လုံခြုံရေး ဝန်ကြီးဌာန၏ နယ်စပ် ကြပ်မတ် ထိန်းချုပ်ရေးလုပ်ငန်းကို အထောက်အကူ ပေးရန်အတွက်၊ အမေရိကန်နှင့် မက္ကဆီကို နယ်စပ် ဒေသသို့ စစ်သား ၃၇၅၀ ကို တိုးမြှင့် ဖြည့်ဆည်း စေလွှတ်မည် ဖြစ်ကြောင်း ယခုလ ၃ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအရ၊ အထက်ပါ စစ်သားများ နယ်စပ်သို့ ရောက်ရှိပြီးနောက် အမေရိကန်နှင့် မက္ကဆီကို နယ်စပ်စောင့် အမေရိကန် စစ်သား ဦးရေမှာ ၄၃၅၀ အထိ တိုးသွားမည်ဟု သတင်းရရှိပါသည်။

   Webradio