• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားလူမျိုးများလည်း တရုတ် နွေဦးပွဲတော် နွှဲပျော်နေကြသည်

(GMT+08:00) 2019-02-05 10:54:25

ယခုနှစ်များအတွင်း တရုတ်နှင့် ရုရှား အရပ်ဘက် ကူးလူးဆက်ဆံမှု တိုးများ လာသည်နှင့်အမျှ ရုရှားနိုင်ငံသားများလည်း တရုတ် နွေဦးပွဲတော်ကို သဘောကျပြီး တရုတ်လူမျိုးလို နွေဦးပွဲတော် နွှဲပျော်နေကြပါသည်။ ယခု လောလောဆယ်တွင် ရုရှား လူမျိုးများသည်လည်း တရုတ် ရိုးရာ နွေဦးပွဲတော် အချိန်ကာလ၌ ဘုရားပွဲ၊ ဈေးပွဲ၊ ပဒေသာ ကပွဲများကို ပြုလုပ်နေကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ရုရှား ဒုတိယအကြီးဆုံးမြို့ ဖြစ်သည့် စိန်ပီတာဘာဂ်မြို့တွင် နွေဦးပွဲတော် အခမ်းအနားများကို ငါးနှစ် ဆက်တိုက် ပြုလုပ်ပြီ ဖြစ်ပြီး ယခုနှစ်တွင် တရုတ် စုတ်တံပန်းချီ လက်ရေးလှ၊ ပန်းချီကား ပြပွဲများကို ကျင်းပသည့်အပြင် တရုတ် တေးဂီတပွဲများကိုလည်း စည်းရုံး ကျင်းပနေသည်ဟု သတင်းရရှိပါသည်။

   Webradio