• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံအသီးသီးမှ အကြီးအကဲများ တရုတ် နွေဦးပွဲတော် ထောမနာ ပြုကြသည်

(GMT+08:00) 2019-02-05 10:52:08

တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော် ကျရောက်လာသည့် အခါသမယတွင်၊ နိုင်ငံ အသီးသီးမှ နိုင်ငံတော်ခေါင်းဆောင်နှင့် နိုင်ငံရေး အကြီးအကဲများသည် အသွင်ပုံစံ မျိုးစုံဖြင့် တရုတ်အစိုးရနှင့်ပြည်သူများ၊ တရုတ်အနွယ်ဖွားများ နွေဦးပွဲတော် ပျော်ရွှင်ပါစေဟု ဆုတောင်းကြပြီး တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး ပူပေါင်းဆောင်ရွက်မှု ဆက်လက် တိုးမြှင့် လိုကြောင်းလည်း ဖေါ်ပြခဲ့ကြသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုလ ၄ ရက်နေ့ညက ဂျပန် နိုင်ငံ တိုကျိုမြို့တော်ရှိ တိုကျို မျှော်စင်တွင် တရုတ် နွေဦးပွဲတော် အတွက် အနီရောင် မီးလုံးမီးသီးများ ထွန်းပေးခဲ့သည်။ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မီးထွန်းပေးသည့် ရုပ်သံမြင်ကွင်း ပို့လာပြီး အားလုံး နှစ်သစ်ကူး ပျော်ရွှင်ပါစေဟု တရုတ်လို ပြောကာ ဂျပန်ရှိ တရုတ်အနွယ်ဖွားများအား နှစ်သစ်ကူး ထောမနာ ပြုခဲ့ပါသည်။

ထိုင်းနိုင်ငံ မင်းသမီး သီရိဒုံသည်လည်း ဝက်နှစ် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ဟူသော တရုတ်စာလုံးများကို ရေးသားပြီး တရုတ် နွေဦးပွဲတော်ကို ထောမနာ ပြုခဲ့ပါသည်။

ပိုအော်အာရှဖိုရမ် ကောင်စီ ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီဗင်သည်လည်း တရုတ် မိတ်ဆွေများ နှစ်သစ်ကူး ပျော်ရွှင်ပါစေဟု ဆုမွန်ကောင်း တောင်းပေးပါသည်။

   Webradio