• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉ ခုနှစ် နွေဦးပွဲတော် ပဒေသာကပွဲတွင် အိပ်မက်များ လိုက်လံရှာဖွေသူများ၏ အိပ်မက် ဖေါ်ဆောင်ရေးဖြစ်စဉ် စတင်

(GMT+08:00) 2019-02-05 10:49:16

ဒီလ ၄ ရက်နေ့ည ၈ နာရီမှာ တရုတ် ဗဟို မီဒီယာအုပ်စုရဲ့ ရသမြောက်လှတဲ့ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲကို တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။ ပဒေသာကပွဲမှာ ခုခေတ်မှာ တရုတ်လူမျိုးများရဲ့ အိပ်မက် လိုက်လံရှာဖွေရေးဆိုင်ရာ သန္နိဋ္ဌာန်နဲ့ ပြည်သူ ပြည်သားများရဲ့ ချမ်းမြေ့သာယာတဲ့ ဘဝကို သရုပ်ဖေါ်ပြထားပါတယ်။

၂၀၁၉ ခုနှစ် နွေဦးပွဲတော် ပဒေသာကပွဲဟာ တရုတ် ဗဟို မီဒီယာအုပ်စု ဖွဲ့စည်း တည်ထောင်ခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် နွေဦးပွဲတော် ပဒေသာကပွဲ ဖြစ်ပါတယ်။ ပဒေသာကပွဲမှာ ကဏ္ဍစုံ မီဒီယာ အရင်းအမြစ်များကို အသုံးပြုပြီး ပထမဆုံးအကြိမ် အဖြစ် ကဏ္ဍစုံ မီဒီယာနဲ့ အစီအစဉ်များကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာ 4K 5G VR AR AI စတဲ့ ဆန်းသစ်နည်းပညာများကို အသုံးပြုပြီး ကြည်လင်ပြတ်သားမှု အဆင့်မြင့် 4K နည်းပညာကိုလည်း ပထမဆုံးအကြိမ် အဖြစ် အသုံးပြုတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် နွေဦးပွဲတော် ပဒေသာကပွဲမှာ တင်ဆက်ဖျော်ဖြေပေးတဲ့ အစီအစဉ်များဟာ ပြည်သူလူထုရဲ့ နေထိုင်မှုဘဝနဲ့ နီးကပ်စွာ ဆက်စပ်ထားပါတယ်။ ပြည်သူလူထုများရဲ့ နေထိုင်မှုဘဝမှာ ဖြစ်ပွါးတတ်တဲ့ အကြောင်းအရာကို ဟာသပြဇာတ် အဖြစ် တင်ဆက်ပြီး၊ သာယာ ကောင်းမွန်တဲ့ စိတ်ဓါတ်များ ထွန်းကား လာအောင် ဝါဒဖြန့်ပြီး ဆိုးတာတွေ မကောင်းတာတွေကို ပြစ်တင်ထားကာ၊ ဆိုရှယ်လစ် အမြုတေကျ တန်ဖိုး ဆိုင်ရာ အမြင်များကို ပေါ်လွင်လာစေပါတယ်။

ပဒေသာကပွဲဟာ ကျက်သရေ မင်္ဂလာ ပြည့်စုံတဲ့ ပွဲတစ်ရပ်လည်း ဖြစ်ပါတယ်။ တရုတ်အမျိုးသားရဲ့ ရိုးရာ ယဉ်ကျေးမှု အနှစ်သာရများကို သရုပ်ဖေါ်ပြတဲ့အပြင် ကမ္ဘာကြီးကိုလည်း တရုတ်ပြည်ရဲ့ သမိုင်းသက်တမ်း ကြာမြင့်တဲ့ ယဉ်ကျေးမှု ရသများနဲ့ ခေတ်သစ် ရုပ်သွင်ပုံစံများကို ပြသထားပါတယ်။

   Webradio