• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

(ရှီကျင့်ဖိန်နဲ့ ပြည်သူလူထုများရဲ့ နေထိုင်မှုဘဝ - ၁) ကျေးလက်တောရွာမှာ တရုတ် အိပ်မက်

(GMT+08:00) 2019-02-05 09:16:20

လျန်ကျားဟို ရွာကလေးဟာ တရုတ်ပြည် အနောက်မြောက်ပိုင်း ကုန်းပြင်မြင့်ဒေသမှာ ရှိတဲ့ ရွာကလေး တစ်ရွာ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၂၂ နှစ်အရွယ် အထိ ရှီကျင့်ဖိန့်ဟာ အဲဒီရွာထဲမှာပဲ အလုပ် လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်ပိုင်း အတွင်း ရှီကျင့်ဖိန်ဟာ တရုတ် အခြေခံ လူတန်းစား ရွာသူရွာသားများရဲ့ စစ်မှန်တဲ့ဘဝကို မျက်မြင် ကိုယ်တွေ့ ခံစားခဲ့ရပါတယ်။

အမေရိကန်မှာ ပြုလုပ်တဲ့ ညစာစားပွဲ တစ်ခုမှာ ရှီကျင့်ဖိန်က အဲဒီအကြောင်းကို ပြောမိခဲ့ဖူးတယ်။ သူက၊ ၁၉၆၀ ပြည့်နှစ်များက ကျွန်တော်က ဆယ်ကျော် လူငယ် တစ်ယောက် သာပဲ၊ ကျွန်တော်က ပီကင်းကနေ စမ်ရှီးပြည်နယ် လျန်ကျားစို ရွာမှာ လယ်သမား တစ်ဦး အဖြစ်နဲ့ ၇ နှစ်ကြာ အလုပ်လုပ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ကျွန်တော်က ပါတီ ရွာကော်မတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ပြီး ရွာထဲက ကုန်ထုတ်လုပ်မှုကိစ္စကို ဦးဆောင် လုပ်ကိုင်တယ်။ အဲဒီတုန်းက ကျွန်တော် စောင့်မျှော် တာဟာ ရွာသူရွာသားများက ဝက်သားကို အားရပါးရ စားနိုင်ဖို့၊ အသားဟင်းကို မကြာခဏ စားနိုင်ဖို့ပဲ ဖြစ်တယ်လို့ ပြောဆိုတယ်။

ရှီကျင့်ဖိန်က သတင်းစာ ဖတ်တဲ့အခါ စီချွမ်းပြည်နယ် ကျေးလက်ဒေသမှာ ဇီဝဓါတ်ငွေ့ကန် လုပ်နေတာကို သိရပြီးနောက်၊ ကိုယ့်ပိုက်ဆံ စိုက်ထုတ်ပြီး စီချွမ်းပြည်နယ်မှာ သက်ဆိုင်ရာ နည်းပညာကို သွားရောက် သင်ယူတယ်။ ပြန်လာတဲ့ အခါ ရှီကျင့်ဖိန်ဟာ လျန်ကျားဟိုမှာ စမ်ရှီးပြည်နယ်ရဲ့ ပထမ ဦးဆုံးသော ဇီဝဓါတ်ငွေ့ကန်ကို ဆောက်လုပ်ပေးခဲ့တယ်။

ဒါနဲ့ ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ ပထမဆုံး ဇီဝဓါတ်ငွေ့ကန် ဆောက်လုပ်တာ သိပ် မလွယ်ဘူး၊ ဓါတ်ငွေ့ကန် နှစ်ဖက်မှာ ရေ တက်နေတယ်၊ ဒါပေမယ့် ဓါတ်ငွေ့ ဘယ်လိုမှ မထွက်ဘူး။ နောက်ဆုံးမှာ တုတ်နဲ့ ထိုးတော့၊ ဓါတ်ငွေ့ ရုတ်တရက် ထွက်လာတယ်၊ ကျွန်တော် တစ်မျက်နှာလုံး အညစ်အကြေး ချေးတွေ ချည်းပဲ။ ပြီးတော့ ကျွန်တော်တို့က ပိုက်လိုင်း ဆက်သွယ်ပြီး ဇီဝဓါတ်ငွေ့သုံး မီးဖိုပေါ်မှာ တစ်ပေမြင့်တဲ့မီး ထွက်လာပါတယ်လို့ ပြောတယ်။

၂၀၁၅ ခုနှစ် နွေဦးရာသီးမှာ ရှီကျင့်ဖိန်က ကိုယ်စိတ်ထဲမှာ အမြဲ လွမ်းနေတဲ့ လျန်ကျားဟို ရွာကလေးသို့ ပြန်လည်ပြီး အတိတ်က ခင်ခင်မင်မင် အတူနေကြဖူးတဲ့ ရွာသူရွာသားများနဲ့ ပြန်လည် ဆုံတွေ့ခဲ့ကြတယ်။

လျန်ကျားဟိုရွာရဲ့ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ ယနေ့ လျန်ကျားဟိုဟာ အတိတ်ကနဲ့ မတူတော့ဘူး၊ ကတ္တရာ ကားလမ်း ဖေါက်လုပ်ထားပြီ၊ ရွာသူရွာသားများကလည်း အုတ်ခဲ အိမ်တိုက်ထဲမှာ နေကြပြီ၊ အင်တာနက်ကို အသုံးပြုလာကြပြီ၊ ဘိုးဘွားများက အခြေခံ သက်ကြီးရွယ်အို အာမခံကို ခံစားကြပြီ၊ ကလေးများက စာသင်ကျောင်း တက်နေကြပြီ။ ပြီးတော့ အသား စားဖို့ဟာ လွယ်လွယ်လေးပေါ့။ ကျွန်တော်က ပိုပြီး နက်ရှိုင်းစွာ နားလည် သိရှိပါတယ်၊ တရုတ် အိပ်မက်ဟာ ပြည်သူများရဲ့ အိပ်မက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (ကျော့)

   Webradio