• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နွေဦးပွဲတော် နှုတ်ခွန်းဆက်သပွဲတွင် ရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက်စကားကို ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများ ချီးကျူး

(GMT+08:00) 2019-02-04 10:57:17

ယခုလ ၃ ရက်နေ့က ကျင်းပခဲ့သော ၂၀၁၉ ခုနှစ် နွေဦးပွဲတော် နှုတ်ခွန်းဆက်သပွဲ အခမ်းအနားတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နှုတ်ခွန်းစကား ပြောကြားပြီး၊ နှစ်ဟောင်း အကြောင်းအရာများကို နောက်ကြောင်းပြန်သုံးသပ်ပြီး နှစ်သစ် မျှော်မှန်းချက် ကိစ္စရပ်များကို တင်ပြထားပါသည်။ နိုင်ငံခြားရှိ တရုတ် အနွယ်ဖွားများနှင့် အမျိုးသားများက၊ ရှီကျင့်ဖိန်၏နှုတ်ခွန်းဆက်စကားသည် မိမိတို့ စိတ်တွင်းမှ မျှော်မှန်းချက်များကို ဖေါ်ပြပြီး မိမိတို့သည် အမိနိုင်ငံ၏ တည်ထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဆက်လက် ကြိုးပမ်း သွားမည် ဖြစ်ပြီး တရုတ် အမျိုးသား၏ သာယာလှပသော အနာဂတ်ရေးအတွက် ဆက်လက် အကျိုးပြု စွမ်းဆောင်သွားမည် ဖြစ်ကြောင်း အသီးသီး ပြောကြားခဲ့ကြပါသည်။

   Webradio