• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများအား နှစ်သစ် နှုတ်ခွန်း ဆက်သ၊ သက်ကြီးရွယ်အို အားလုံး ချမ်းမြေ့သောဘဝ ရှိအောင် ဆောင်ရွက်မည်ဟု ဆို

(GMT+08:00) 2019-02-04 10:51:17

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတော်ကောင်စီသည် ယခုလ ၃ ရက်နေ့က ပီကင်း၌ ၂၀၁၉ ခုနှစ် နွေဦးပွဲတော် နှုတ်ခွန်းဆက်သပွဲကို ပြုလုပ်ခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နှုတ်ခွန်းစကား ပြောကြားပြီး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ ကိုယ်စား၊ တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများအား၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှ မွေးချင်းပေါက်ဖေါ်များအား၊ မကာအို အထူးအုပ်ချုပ်ရေးဒေသမှ မွေးချင်းပေါက်ဖေါ်များအား၊ ထိုင်ဝမ် မွေးချင်း ပေါက်ဖေါ်များအား နှစ်သစ် နှုတ်ခွန်းဆက်သခဲ့ပါသည်။ တရုတ်ပြည် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် ၂၀၀၀ ကျော်တို့သည် ၃ ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသော နှုတ်ခွန်းဆက်သပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

နှုတ်ခွန်းဆက်သပွဲ အခမ်းအနားတွင် ရှီကျင့်ဖိန်က၊ ရှေးပဝေသဏီကတည်းကပင် တရုတ်နိုင်ငံသည် သက်ကြီးရွယ်အိုများအား ဝတ်ကျေအောင် လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရေး အကျင့်စရိုက်ကောင်း ရှိကြောင်း၊ တရုတ်နိုင်ငံသည် သက်ကြီး ရွယ်အို များပြားသော ခေတ်ကာလသို့ ဝင်ရောက်ပြီ ဖြစ်ပြီး သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို အင်တိုက်အားတိုက် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုအားလုံး ချမ်းမြေ့သောဘဝရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားပါသည်။

ရှီကျင့်ဖိန်က၊ ပါတီ တစ်ရပ်လုံး၊ တပ်မတော် တစ်ရပ်လုံး၊ တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများသည် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုအောက်တွင် တက်ညီလက်ညီ ကြိုးစားပြီး သာယာလှပသောဘဝကို ဖန်တီးကြရန်လည်း ပန်ကြားပါသည်။

   Webradio