• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည်၊ တရုတ်ရိုးရာ နှစ်သစ်ကူး ဧည့်ခံပွဲ ကျင်းပ

(GMT+08:00) 2019-02-03 13:45:09

ယခုလ၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံသည်၊ ရန်ကုန်မြို့တွင် တရုတ် ရိုးရာ နှစ်သစ်ကူး ဧည့်ခံပွဲ ကျင်းပခဲ့ရာ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်တင့်ဆွေ၊အပါအဝင်မြန်မာနိုင်ငံ ရေးလောကမှပုဂ္ဂိုလ်များ၊ မြန်မာရှိ တရုတ်အနွယ်ဖွားများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအရာရှိ များ လူ ၈၀၀ ကျော်တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်ကဖော်ပြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြား ခဲ့ရာတွင် တရုတ် ရိုးရာ နှစ်သစ်ကူး အချိန်အခါတွင် ဆွေမျိုးပေါက်ဖော် ဖြစ်သည့် မြန်မာ ပြည်သူများက နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေလိုကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အဆက်မပြတ် ပိုမိုနက်ရှိုင်းလာခဲ့ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ကြောင်း၊ နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုက ခေတ်ကာလသစ်တွင် ပိုမိုကျယ်ပြန့်သော အနာဂတ်ဖန်တီးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio