• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ အတွင်းမွန်ဂိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့ သွားရောက်ကြည့်ရှု

(GMT+08:00) 2019-02-03 13:44:10

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံ တော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ အတွင်း  မွန်ဂိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပါတီကော်မတီအတွင်းရေးမှူး လီဂျိဟန်၊ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ဥက္ကဋ္ဌ ဘုရှောင်လင်တို့၏ လိုက်ပါလျက်၊ ဝူလန်ချာပူမြို့သို့ သွားရောက် ကြည့်ရှုခဲ့ရာ၌ ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ဝိသေသထူးခြားချက်ပါရှိသည့် ဆိုရှယ်လစ် အသွေးအခေါ်လမ်းညွန်မှုကို စွဲကိုင်ပြီး၊  ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော် ကောင်စီတို့ဆုံးဖြတ်ချက်နှင့် စီမံချက်များကို လက်တွေ့ဖော်ဆောင်ကာ၊ ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့်မှုကို ဇောက်ချပြုလုပ်၍ စီးပွားရေးနှင့် လူမှုရေးတိုးတက်မှုကို တွန်းအားပေး ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

 

   Webradio