• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်နှင့် အပြန်အလှန်ယုံကြည်မှုကိုတိုးပွားပြီး တရုတ်-ဂျပန်ဆက်ဆံမှုကို မှန်ကန်သောလမ်းကြောင်းအတိုင်းတိုးတက်စေရန် တွန်းအားပေးလိုသည်ဟု ဝမ်ယိဆို

(GMT+08:00) 2019-02-03 10:40:24

ယခုလ၂ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်-ဂျပန်လုံခြုံရေးဆွေးနွေးပွဲနှင့် နိုင်ငံခြားရေးပုံမှန်စေ့စပ်ဆွေးနွေးပွဲပါဝင်ရန် တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိနေသော ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါနမှအရာရှိ တာကေအို မိုရီနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင် ဝမ်ယိက ၂၀၁၉ခုနှစ်သည် တရုတ်နှင့် ဂျပန်နှစ်နိုင်ငံအတွက် အရေးကြီးသော နှစ်ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ဂျပန်နိုင်ငံနှင့်အတူ အပြန်အလှန်ယုံကြည်မှုကို တိုးပွားပြီး နှစ်နိုင်ငံဆက်ဆံမှုကို မှန်ကန်သော လမ်းကြောင်းအတိုင်း ကောင်းမွန်စွာတွန်းအားပေး မျှော်လင့်ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။

   Webradio