• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပီကင်းမြို့စောင့်တပ်ဖွဲ့စခန်းကို ကြည့်ရှုပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တပ်မှူးတပ်သားများ၊ ရဲတပ်ဖွဲ့တပ်မှူး တပ်သားများ၊ ပြည်သူ့စစ်အဖွဲ့ဝင်နှင့်အရန်စစ်အဖွဲ့ဝင်များအားလုံးအား တရုတ်ရိုးရာ နှစ်သစ်ကူးနှုတ်ခွန်းဆက်သ

(GMT+08:00) 2019-02-03 10:39:24

တရုတ်ရိုးရာနှစ်သစ်ကျရောက်လာတော့မည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ၊ တရုတ်ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂ရက်နေ့က ပီကင်းမြို့စောင့်တပ်ဖွဲ့စခန်းကို သွားရောက်ပြီး ကင်းစောင့်များကို ကြည့်ရှုကာ တပ်မှူးတပ်သားများကို ချစ်ခင်ရင်းနှီးစွာ အားပေးကြောင်း၊ ထိုသို့ကြည့်ရှုရာတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့်တရုတ်ဗဟိုစစ်ရေး ကော်မရှင်ကို ကိုယ်စားပြုပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တပ်မှူးတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ အရန်စစ်အဖွဲ့ဝင်များအားလုံးအား တရုတ်ရိုးရာနှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းလိုက်ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio