• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အမြန်ချောပို့လုပ်ငန်း ဆောင်ရွက်သူများအား ကြည့်ရှု

(GMT+08:00) 2019-02-02 16:25:45
တရုတ် ရိုးရား နှစ်သစ်ကျရောက်လာတော့မည်။ ယခုလ ၁ရက်နေ့ နေ့လယ်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ပီကင်းမြို့ ချန်မင် ဒေသ ရှီထုပ်-လမ်းမြောင်ရှိ အမြန်ချောပို့လုပ်ငန်းဌာန တစ်ခုသို့ သွားရောက်ပြီး ချောပို့လုပ်ငန်း ဆောင်ရွက်သူများကို ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့ ကြည့်ရှုရာတွင် ရှီကျင့်ဖိန်က ချောပို့လုပ်ငန်း ဆောင်ရွက်သူများသည် အပင်ပန်းခံပြီး အပတ်တကုတ် အလုပ်လုပ်တတ်သူများ ဖြစ်ကြသည်ဟု ချီးကျူးသည့် အပြင်၊ တရုတ် ရိုးရာနှစ်သစ်ကူးပွဲတွင် ချောပို့လုပ်ငန်း ဆောင်ရွက်သူများသည် ဇာတိရပ်ရွာသို့ ပြန်ရောက်ပြီး မိသားစုများနှင့် ပြန်လည်ဆုံစည်းနိုင်ရန် မိမိမျှော်လင့်ကြောင်း၊ မိမိသည် တစ်ပြည်လုံးက ချောပို့လုပ်ငန်း ဆောင်ရွက်သူ ၃သန်းကျော်ကို တရုတ် ရိုးရာ နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းလိုက်ကြောင်း၊ တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတွင် ပျော်ရွှင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ကြောင်းလည်း ဖော်ပြသည်။

စားသောက်ဆိုင် တစ်ဆိုင်တွင် ရှီကျင့်ဖိန်က ဆိုင်ရှင်အား တရုတ် ရိုးရာ နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းလိုက်ကြောင်း၊ အရောင်းအဝယ် တွင်ကျယ်ပါစေဟု ဆုတောင်းလိုက်ကြောင်းလည်း ပြောကြားသည်။

   Webradio