• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တရုတ်ပြည် တစ်ပြည်လုံး တိုင်းရင်းသားလူမျိုးစုများကို တရုတ် ရိုးရာ နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်း

(GMT+08:00) 2019-02-02 16:24:57
ယခုလ ၁ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ပီကင်းတွင် အောက်ခြေအဆင့် ကေဒါခေါင်းဆောင်များကို သွားရောက်ကြည့်ရှုပြီး တစ်ပြည်လုံး တိုင်းရင်းသားလူမျိုးစု ပြည်သူများအား နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းလိုက်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က မိမိတို့ ပြည်သူများ၏ နေထိုင်မှုဘဝသည် အဆက်မပြတ် ကောင်းမွန်ချမ်းသာပါစေ၊ မိမိတို့ နိုင်ငံသည် တစ်ဆင့်တိုး စည်ပင်သာယာပါစေ၊ အာလုံး၏ မိသားစု သင့်မြတ်သာယာပြီး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ကာ တရုတ် ရိုးရာနှစ်သစ်ကူးပွဲတွင် ပျော်ရွှင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ကြောင်း ဖော်ပြသည်။

   Webradio