• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကန်စီးပွားကုန်သွယ်ရေးအဆင့်မြင့်ဆွေးနွေးပွဲကျင်းပပြီးစီး

(GMT+08:00) 2019-02-01 15:16:13

ဒေသစံတော်ချိန် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဒုဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးဆွေးနွေးပွဲ တရုတ်ဘက် ခေါင်းဆောင် လျူဟို့သည် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အမေရိကန်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် ဝါရှင်တန်မြို့စီးပွားကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း ၊ နှစ်ဖက်တို့သည် နှစ်နိုင်ငံခေါင်းဆောင်တို့ ရရှိခဲ့သော အာဂျင်တီးနားသဘောတူညီမှုကို အခြေခံပြီး ကုန်သွယ်မှု ညီမျှရေး၊ နည်းပညာလွှဲပြောင်းပေးရေး၊ ပညာ မူပိုင်ခွင့်ထိန်းသိမ်းရေးနှင့် လက်တွေ့ဖော်ဆောင်ရေးစစ်နစ်စသည့် အတူအရေးထားကြသည့် အရေးကိစ္စများ၊ တရုတ်ပြည်က အထူးအာရုံစိုက်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်လင်းတိကျပြီး အပြုသဘောဆောင်သော အမြင်ချင်းများကို ဖလှယ်ခဲ့ကြကာ အဆင့်ကာလအရ အရေးကြီးသည့် တိုးတက်မှုရရှိသည့်အပြင် နောက်တစ်ဆင့် ဆွေးနွေးပွဲ ကျင်းပရန် အချိန်ဇယားနှင့် စီမံကိန်းကိုလည်း သတ်မှတ်ပေးကြောင်း သိရသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အမေရိကန်သမ္မတ ထရန့်သည် တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လျူဟို့နှင့် အိမ်ဖြူတော်တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio