• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အမေရိကန်သည် ညှိနှိုင်းဆွေးနွေးခြင်းတွင် ပြဿနာ ဖြေရှင်းရေး နည်းလမ်းသစ် ရှာကြံ

(GMT+08:00) 2019-02-01 14:49:50

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အဆင့်မြင့် ညှိနှိုင်းဆွေးနွေးပွဲကို အမေရိကန် ဒေသ စံတော်ချိန် ဇန်နဝါရီလ ၃၁ရက်နေ့က ဝါရှင်တန်၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ ဆွေးနွေးပွဲ ကျင်းပစဉ် ၂ရက်အတွင်း နှစ်ဖက်တို့သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များမှ အာဂျင်တီးနား တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သော အရေးကြီး သဘောတူညီမှု၏ လမ်းညွှန်မှုဖြင့် ကုန်သွယ်မှု ညီမျှရေး၊ နည်းပညာ လွှဲပြောင်းပေးရေး၊ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး၊ အခွန်မဟုတ်သော နယ်ပယ်များမှ အဟန့်အတားများ၊ ဝန်ဆောင်မှု၊ လယ်ယာစိုက်ပျိုးရေး၊ လက်တွေ့ဖော်ဆောင်ရေးစနစ်နှင့် တရုတ်ဘက်မှ အလေးထား အာရုံစိုက်သည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်ဖက်မှ ဦးဆောင်သူတို့သည် ကုန်သွယ်မှု ညီမျှရေး၊ နည်းပညာ လွှဲပြောင်းပေးရေး၊ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး၊ လက်တွေ့ဖော်ဆောင်ရေးစနစ်စသည့် နှစ်ဖက် အတူ စိတ်ဝင်စားကြသော ခေါင်းစဉ်နှင့် တရုတ်ဘက်မှ အလေးထား အာရုံစိုက်သော အရေးကိစ္စများနှင့် စပ်လျဉ်း၍ ပွင့်လင်းတိကျပြီး အပြုသဘောဆောင်သော ဆွေးနွေးခြင်း ကို ပြုလုပ်ပြီး အဆင့်ကာလအရ အရေးကြီးသည့် တိုးတက်မှု ရရှိကာ နောက်တစ်ဆင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရန် အချိန်ဇယားနှင့် စီမံကန်းကိုလည်း သတ်မှတ်ပေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် နှစ်ဖက်တို့သည် ကိုယ့်အလေးထားချက်များကို ကိုယ်စီ ပွင့်လင်းစွာ ဖော်ပြပြီး သက်ဆိုင်ရာ ခေါင်းစဉ်များနှင့် ပတ်သက်၍ အကျိုးတူ အကျိုးစီးပွားကို ရှာကြံကာ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး အခြေခံမူကို ဖော်ပြနေသော အဆင့်ကာလအရ အရေးကြီးသည့် တိုးတက်မှု ရရှိနိုင်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

ယင်းအောင်ကျိုးရလဒ်ရရှိခြင်းသည် အခြေအနေ တစ်ခုလုံးကို ရှေးရှုပြီး အကျပ် အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲစေနိုင်ရန် တရုတ်ပြည်မှ နိုင်ငံရေး အမြင်ကို ဖော်ပြနေကြောင်း၊ သမိုင်းရှုထောင့်မှနေ ကြည့်လျှင် တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး အထစ်အငေါ့ကို ကောင်းမွန်သင့်လျော်စွာ ရင်ဆိုင်ဖြေရှင်းရေးသည် တရုတ်ပြည် အနေနှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နောက်ထပ်တာထွက်သည့် အချိန်ကာလသစ်တွင် အကျပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲစေရန် လက်တွေ့ဆောင်ရွက်မှုသစ် ဖြစ်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အထစ်အငေါ့ ရှိသည်မရှိသည်ဖြစ်စေ၊  တရုတ်ပြည်သည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို တစ်ဆင့်တိုးချဲ့ ကျင့်သုံးမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် အမေရိကန်က တရုတ်ပြည်မှ အလေးထားချက်များကို လေးနက်စွာ တုံ့ပြန်မည်ဟု ဖော်ပြကြောင်း၊ ထိရောက်သော နှစ်ဖက် လက်တွေ့ဖော်ဆောင်ရေး စနစ် တည်ဆောက်ရေးသည် အလွန် အရေးကြီး သည်ဟု နှစ်ဖက်တို့က ယူဆကြကြောင်း စီအာအိုင်က ဖော်ပြသည်။

အကယ်၍ ယခုအကြိမ် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ညှိနှိုင်း ဆွေးနွေးပွဲတွင် အဆင့်ကာလအရ အရေးကြီးသည့် တိုးတက်မှု ရရှိနိုင်ခဲ့ခြင်းသည် အမေရိကန် အတွက်လည်း အကျပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲစေရန် အခွင့်ကောင်း တစ်ခု ဖြစ်ကြောင်း၊ တရုတ်နှင့် အမေရိကန် နှစ်ဖက်တို့ ဘုံရည်မှန်းချက် အတွက် လက်တွဲကြိုးပမ်းကြနိုင်မည်ဆိုလျှင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီမှုကို တစ်ဆင့်တိုး လက်တွေ့ဖော်ဆောင်ရေးတွင် အပြန်အလှန် အကျိုးရှိစေပြီး win-winရှိသော အခွင့်ကောင်းသစ်များ ရရှိနိုင်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio