• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ကာတာ အယ်မီယာ တွေ့ဆုံ

(GMT+08:00) 2019-02-01 14:31:54

        ဇန်နဝါရီလ ၃၁ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ အလည်အပတ်ရောက်ရှိလာသော ကာတာ အယ်မီယာ တာမီမ်-ဘင်-ဟာမက်-အယ်လ်သာနီနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဦးနှစ်ဖက်တို့သည် အပြန်အလှန် လေးစားပြီး အပြန်အလှန် အကျိုးရှိစေကာ အတူတကွ ဖွံ့ဖြိုးတိုးတက်သော တရုတ်-ကာတာ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို နက်ရှိုင်းစေရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ၂၀၁၄ခုနှစ်က မိမိသည် အယ်မီယာ တာမီမ်နှင့်အတူ တရုတ်-ကာတာ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု ထားရှိရန် ပီကင်းမြို့၌ ကြေညာပြီး နှစ်ဖက်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးသော သဘောတူညီမှုများ ရရှိခဲ့ကြကြောင်း၊ နှစ်ဖက် ကြိုးပမ်းဆောင်ရွက်မှုများဖြင့် အဆိုပါ သဘောတူညီမှုများကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး နှစ်နိုင်ငံ ပြည်သူပြည်သားများအတွက် လက်တွေ့ကျသော အကျိုးစီးပွား ရရှိစေခဲ့သည်ဟု ဝမ်းသာပျော်ရွှင်စွာ တွေ့ရကြောင်း ပြောကြားသည်။

   Webradio