• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်အနေနှင့် သက်ညှာထောက်ထားသော စိတ်နေသဘောထားဖြင့် အခြားနိုင်ငံများ၏ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးမှုကို ရှုမြင်ရန် တရုတ်က မျှော်လင့်

(GMT+08:00) 2019-02-01 13:34:20

      တရုတ်ပြည်အကြီးစားသိပ္ပံနှင့် နည်းပညာလုပ်ငန်းကုမ္ပဏီ၏ သက်ဆိုင်ရာ လုပ်ရပ်များ သည်၊ လူအများကို စိုးရိမ်စေပြီး၊ တရုတ်ပြည်သည်၊ သိပ္ပံနှင့် နည်းပညာနယ်ပယ်၌ အမေရိကန်၏ ဦးဆောင်မှုအဆင့်နေရာကို အစားထိုးချင်သည်ဟု အမေရိကန်လွှတ်တော် အမတ်၏ ပြောဆိုချက်ကို ရည်စူး၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က အမေရိကန်အနေနှင့် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မမြင်လိုဘဲ၊ မိမိနိုင်ငံ တိုးတက်မှုကိုသာ အစဉ်လိုလာခြင်းကို မလုပ်သင့်ဘဲ၊ သက်ညှာထောက်ထားသော စိတ်နေ သဘောထားဖြင့် အခြားနိုင်ငံများ၏ သိပ္ပံနှင့် နည်းပညာတိုးတက်မှုအပေါ် ရှုမြင်ရန် တရုတ် က မျှော်လင့်ပါကြောင်း ယခုလ ၃၁ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

ထိုနေ့ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကင်စွမ်က သိပ္ပံနှင့် နည်းပညာ နယ်ပယ်၌ တရုတ်-အမေရိကန် ယှဉ်ပြိုင်မှု တည်ရှိခြင်းမှာ လုံးဝပုံမှန်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio