• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဂျပန် လုံခြုံရေး ဆွေးနွေးပွဲ နှင့် တရုတ်-ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပုံမှန် ဆွေးနွေးပွဲကို တရုတ်ပြည်၌ ကျင်းပ

(GMT+08:00) 2019-02-01 10:57:05

၁၆ကြိမ်မြောက် တရုတ်-ဂျပန် လုံခြုံရေး ဆွေးနွေးပွဲ နှင့် ၂၈ကြိမ်မြောက် တရုတ်-ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပုံမှန် ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ဇန်နဝါရီလ ၃၁ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်နှင့် ဂျပန်နှစ်ဖက် ညှိနှိုင်းခြင်းဖြင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ခုန်ရွှမ်ယွတ်သည် ဖေဖေါ်ဝါရီလ ၁ရက်နေ့တွင် အလည်အပတ်ရောက်ရှိလာသော ဂျပန် နိုင်ငံခြားရေးရာ စစ်ဆေးရေးအရာရှိ မိုရီ တာကီအိုနှင့်အတူ ၁၆ကြိမ်မြောက် တရုတ်-ဂျပန် လုံခြုံရေး ဆွေးနွေးပွဲ နှင့် ၂၈ကြိမ်မြောက် တရုတ်-ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပုံမှန် ဆွေးနွေးပွဲကို ကျင်းပကြမည်ဖြစ်ကြောင်း ကင်စွမ်က ပြောကြားခဲ့ပါသည်။

   Webradio