• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ဆီးနှင်းရေခဲလို သန့်စင်သော ဆောင်းရာသီ အိုလံပစ်ကို ကျင်းပမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2019-02-01 09:25:21

ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် ကျင်းပမည် ဖြစ်သည်။ ယခု လောလောဆယ်တွင် ကမ္ဘာ့ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ပါဟ်သည် ပီကင်း၌ အိုလံပစ် အားကစားပြိုင်ပွဲ ပြင်ဆင်ရေး ကိစ္စရပ်များကို လည်ပတ် ကြည့်ရှု နေပါသည်။ လွန်ခဲ့သည့်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်းမြို့၌ ပါဟ်နှင့် တွေ့ဆုံရာတွင်၊ တရုတ်နိုင်ငံသည် ဆီးနှင်းရေခဲလို သန့်စင်သော ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ဦးစီး ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ပီကင်း အိုလံပစ် အားကစား ပြိုင်ပွဲ စည်းရုံးရေးလုပ်ငန်းကို လွန်စွာ အလေးထားပြီး မျက်မှောက်အချိန်တွင် သက်ဆိုင်ရာ လုပ်ငန်းများကို ထိထိရောက်ရောက် စနစ်တကျ တွန်းအားပေး ဆောင်ရွက် နေကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio