• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နျူကလီးယားလက်နက်များ တရားဝင် ပိုင်ရှိသော နိုင်ငံ ၅ နိုင်ငံ အစည်းအဝေး ပီကင်း၌ ကျင်းပ

(GMT+08:00) 2019-01-31 16:39:31

        တရုတ်၊ အမေရိကန်၊ ရုရှား၊ ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နျူကလီးယား လက်နက်များ တရားဝင် ပိုင်ရှိသော နိုင်ငံ ၅ နိုင်ငံ တရားဝင်အစည်းအဝေးကို ယခုလ ၃၀ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရပါသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က မျက်မှောက်အခြေအနေတွင် အဆိုပါ ၅ နိုင်ငံတို့သည် အချင်းချင်းတွေ့ပြီး ကူးလူးဖလှယ်ရေးနှင့် မဟာဗျူဟာ လုံခြုံရေးနယ်ပယ်မှ အရေးပေါ် အရေးကိစ္စများနှင့်ပတ်သက်ပြီး နက်ရှုင်းစွာ ဆွေးနွေးခြင်းသည် အခြားနိုင်ငံများအား အပြုသဘောဆောင်သော အချက်ပြနေကြောင်း ယခုလ ၃၀ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio