• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉ခုနှစ် တရုတ်ရိုးရာ နှစ်သစ်ကူး ပဒေသာကပွဲ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

(GMT+08:00) 2019-01-31 16:23:09

၂၀၁၉ခုနှစ် တရုတ်ရိုးရာ နှစ်သစ်ကူး ပဒေသာကပွဲကို ကျင်းပတော့မည်။ ဗဟို မီဒီယာအုပ်စုသည် သက်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ယခုလ ၃၁ရက်နေ့က ကျင်းပရာ ယခုအကြိမ် ပဒေသာကပွဲနှင့် ပတ်သက်၍ လူအများက အာရုံစိုက်ကြသော ထူးခြားချက်များနှင့် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို မိတ်ဆက်ပေးပြီး ယခုအကြိမ် ပဒေသာကပွဲတွင် တင်ဆက်ဖျော်ဖြေသူများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခုအကြိမ် ပဒေသာကပွဲတွင် ဖျော်ဖြေပြသမှု အစီအစဉ် မျိုးစုံရှိမြဲရှိနေသေးကြောင်း၊ အကအဆို၊ မျက်လှည့်ပြသမှု၊ လူရွှင်တော်ပြက်လုံးနှင့် ဇာတ်တိုစသည်များ ပါဝင်ကြောင်း၊ ခန်းဟွေး၊ ကျူးရွှင့်၊ ရိန်လူယွီ၊ လီစီစီနှင့် နီကမိုင်တီတို့သည် ပီကင်းတွင် ကျင်းပသော ၄င်းပဒေသာကပွဲ၏ တင်ဆက်ဖျော်ဖြေသူများ ဖြစ်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် တရုတ်ရိုးရာ နှစ်သစ်ကူး ပဒေသာကပွဲအတွက် သက်ဆိုင်ရာ ဝန်ထမ်းများသည် ခေတ်အမီဆုံး နည်းပညာနှင့် ပစ္စည်း ကိရိယာများကို အသုံးပြုပြီး ပိုမိုကောင်းမွန်ထူးချွန်သော ဖျော်ဖြေမှု အစီအစဉ်များကို ဖန်တီးထုတ်လုပ်ရန် ကြိုးပမ်း ဆောင်ရွက်နေကြကြောင်း၊ ယခုအကြိမ် ပဒေသာကပွဲ၏ အကြီးဆုံး ထူးခြားချက်မှာ ဘက်စုံ သိပ္ပံနည်းပညာ တွန်းအားပေးမှုနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုပင် ဖြစ်ကြောင်း၊ ယခုအကြိမ် ပဒေသာကပွဲတွင် 4K၊ 5G၊ VR၊ ARနှင့် AIစသည့် ခေတ်မီ နည်းပညာများကို အသုံးပြုပြီး အနုပညာနှင့် သိပ္ပံနည်းပညာ ကောင်းမွန်စွာ ပေါင်းစပ်ထားသော ပဒေသာကပွဲတစ်ကြိမ်ဖြစ်မည် ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ခံက မိတ်ဆက်ပြောကြား ခဲ့သည်။

ယခုအကြိမ် တရုတ်ရိုးရာ နှစ်သစ်ကူး ပဒေသာကပွဲကို စီစီတီဗီ ရုပ်မြင်သံကြားဌာန၏ ချယ်နယ်များ၊ စီစီတီဗီ၏ ဝက်ဘ်ဆိုက်၊ ဗဟိုအသံလွှင့်ဌာနနှင့် မိုဘိုင်းဖုန်းစသည့် မီဒီယာမျိုးစုံဖြင့် ထုတ်လွှင့်မည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ဖေဖော်ဝါရီလ ၄ရက်နေ့ညတွင် ၄င်းပဒေသာကပွဲ တိုက်ရိုက် ထုတ်လွှင့်သည့်အချိန်၌ ပဒေသာကပွဲတွင် ဖျော်ဖြေပြသသော ကောင်းမွန်ထူးချွန်သည့် အစီအစဉ်များကို တည်းဖြတ်ပြီး မိုဘိုင်းဖုန်း APPတွင် ထုတ်လွှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။

 

   Webradio