• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် မလေးရှား၏အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက် ၁၀ နှစ်ဆက်တိုက်ဖြစ်လာ

(GMT+08:00) 2019-01-31 14:20:22

မလေးရှားနိုင်ငံတကာကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းဝန်ကြီးဌာနသည် ယခုလ ၃၀ ရက်နေ့က ထုတ်ပြန်သော ၂၀၁၈ ခုနှစ်မလေးရှားကုန်သွယ်ရေးအစီရင်ခံစာအရ ၂၀၁၈ ခုနှစ်တွင် မလေးရှားနှင့် တရုတ်၏ကုန်သွယ်စုစုပေါင်းပမာဏမှာအမေရိကန်ဒေါ်လာ ၇၇.၄ဘီလီယံရှိပြီး လွန်ခဲ့သောနှစ်ကထက် ၈.၁ရာခိုင်နှုန်းတိုးလာကာ မလေးရှား၏နိုင်ငံ ခြားကုန်သွယ်မှုစုစုပေါင်းပမာဏ၏ ၆ ပုံ ၁ ပုံရှိကြောင်း ဖော်ပြထားပါသည်။

၎င်းသည် တရုတ်နိုင်ငံက ၂၀၀၉ ခုနှစ်မှစပြီးမလေးရှား၏အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက် ၁၀ နှစ် ဆက်တိုက်ဖြစ်လာခြင်းဖြစ်ကြောင်း သိရပါသည်။

   Webradio