• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နျူကလီးယားကင်းမဲ့စေရေး အရင်ဆောင်ရွက်ပြီးနောက် လျော့ပါးစွာ အရေးယူရန် တိုက်တွန်းချက် ကို မြောက်ကိုးရီးယားမီဒီယာများ ဝေဖန်

(GMT+08:00) 2019-01-31 11:03:59

      မြောက်ကိုးရီးယား ရိုဒွန်ဆင်မွန်-သတင်းစာမှ ယခုလ ၃၀ ရက်နေ့က ဆောင်းပါး တစ်ပုဒ်ထုတ်ပြန်ခဲ့ရာ၊ နျူကလီးယားကင်းမဲ့စေရေး အရင်ဆောင်ရွက်ပြီးနောက် လျော့ပါးစွာ အရေးယူခြင်းဟူ၍ မြောက်ကိုးရီးယားအပေါ် ဖိအားပေးအရေးယူရန် တိုက်တွန်းချက်ကို ဝေဖန်ပြီး၊ သက်ဆိုင်ရာဘက်များအနေနှင့်၊ မြောက်ကိုးရီးယားမှ ပြုလုပ်နေသည့် အပြုသဘောဆောင်သော လုပ်ဆောင်ချက်များကို လက်တွေ့ကျသော ဆောင်ရွက်မှုဖြင့် တုံ့ပြန်သင့်ကြောင်း အလေးထားဖော်ပြသည့်အပြင်၊ မြောက်ကိုးရီးယား-အမေရိကန် ဆက်ဆံမှုကောင်းမွန်စေရေးနှင့် ကိုးရီးယားကျွန်းဆွယ် ရေရှည်ငြိမ်းချမ်းရေး စနစ် တည်ဆောက်ရေးအပေါ် မြောက်ကိုးရီးယားဘက်မှ ကြံ့ခိုင်ပြတ်သားသော  သဘောထား ရပ်တည်ချက်ကိုလည်း ထပ်လောင်းဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်

   Webradio