• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉ တရုတ်-ကမ္ဘောဒီးယားယဉ်ကျေးမှုနှင့် ခရီးသွားနှစ်ဖွင့်ပွဲအခမ်းအနား ဖနွမ်းပင်၌ ကျင်းပ

(GMT+08:00) 2019-01-31 10:31:31

၂၀၁၉ တရုတ်-ကမ္ဘောဒီးယားယဉ်ကျေးမှုနှင့် ခရီးသွားနှစ် လှုပ်ရှားမှုကို ယခုလ ၃၀ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ဖွင့်လှစ်ခဲ့သည်။ ကမ္ဘောဒီးယားဒု ဝန်ကြီး ချုပ် ဟော်နမ်ဟုန်၊ တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီး လော့ရှုကန်း၊ ကမ္ဘောဒီးယားခရီး သွားဝန်ကြီး သွန်ခွန်၊ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး ပွန်ဆာကိုနာနှင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝင်ထျန်းတို့သည်၊ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြ သည်။ ယင်းဖွင့်ပွဲအခမ်းအနား၌ ဝန်ကြီး လော့ရှုကန်းနှင့် ဒု ဝန်ကြီးချုပ် ဟုန်ဆန်တို့ သည်၊  နှစ်နိုင်ငံခေါင်းဆောင်တို့၏ ဂုဏ်ပြုလွှာကို အသီးသီးဖတ်ကြားခဲ့သည်ဟု စီအာအိုင်သတင်း အရ သိရသည်။

ထိုဂုဏ်ပြုလွှာတွင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ်- ကမ္ဘောဒီးယားအစဉ်အလာချစ်ကြည်ရေးသည် ရှေးဝေဏီမှ၍ တည်ရှိခဲ့ပြီး၊ နှစ်နိုင်ငံတို့ သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနှင့် ညီအစ်ကိုကောင်းများ ဖြစ်ကြကြောင်း ဖော်ပြခဲ့သည်။

ဟုန်ဆန်ကလည်း တရုတ်-ကမ္ဘောဒီးယားအစဉ်အလာချစ်ကြည်ရေးသည်၊ အချိန်ကြာ လေလေ ပို၍ ခိုင်မာလေလေဖြစ်ကြောင်း၊ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ သည်၊ တစ်နေ့တခြားရင်းနှီးလာပြီး၊ အောင်ကျိုးရလဒ်များစွာရရှိခဲ့ကြောင်း ဖော်ပြသည်ဟု သတင်းအရသိရသည်။

   Webradio