• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယူနန်ပြည်နယ် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း ပြပွဲကို မြန်မာ၌ ကျင်းပ

(GMT+08:00) 2019-01-31 09:34:46

တရုတ် ယူနန်ပြည်နယ် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း ပြပွဲကို ယခုလ ၂၉ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ၌ တရားဝင် ဖွင့်လှစ် ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် တိုင်းရင်းသား လူမျိုးစုများ စုစည်း နေထိုင်သော ပြည်နယ် တစ်ခု ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစု ၅၆ စု အနက် ၂၆ စုသည် ယူနန်ပြည်နယ်၌ နေထိုင် နေကြသဖြင့်၊ ယူနန်ပြည်နယ်တွင် တိုင်းရင်းသား လူမျိုးစု ရသမြောက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း လွန်စွာ များပြားနေကြောင်း၊  မျက်မှောက်အချိန်တွင် ယူနန်ပြည်နယ်တွင် ဒြပ်မဲ့ ယဉ်ကျေးမှုပစ္စည်း ၇၆၃၁ ခုနှင့် ဒြပ်မဲ့ယဉ်ကျေးမှု ဆက်ခံသူ ၁၁၀၅၅ ဦး ရှိကြောင်း သိရပါသည်။

ယင်းနေ့၌ပင် "ဝိုင်းဝန်း စုစည်းပြီး နွေဦးပွဲတော် အတူ နွှဲပျော်ခြင်း" ဓါတ်ပုံပြပွဲကိုလည်း ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ဖွင့်လှစ်ပြီး ကမ္ဘာ့ဒေသအရပ်ရပ်မှ နွေဦးပွဲတော် ဆိုင်ရာ ဓါတ်ပုံများကို ပြသထားကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio