• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံတွင် ပထမ ဆုံးအကြိမ်ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးကျင်းပပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်

(GMT+08:00) 2019-01-30 14:24:41

မြန်မာနိုင်ငံအစိုးရသည် ပထမဆုံးအကြိမ်ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးကို ယခုလ ၂၈ ရက်နေ့မှ၂၉ရက်နေ့အထိနေပြည်တော်တွင် ကျင်းပခဲ့ကြောင်း၊ အစည်း အဝေးကျင်းပရာတွင်ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဉ် ၁၂၀ လောက်တင်ပြမည်ဖြစ်ပြီး တန်ဖိုး စုစုပေါင်းအမေရိကန်ဒေါ်လာသန်း၁၀၀နီးပါးရှိ ကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ၂၈ ရက်နေ့ကရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်၊ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရ အာဏာကျင့်သုံးခဲ့သည့်နောက်ပိုင်းရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန် ရင်းနှီးမြှုပ်နှံရေးဥပဒေသစ် နှင့်လုပ်ငန်းကုမ္ပဏီဥပဒေသစ်အပါအဝင်သက်ဆိုင်ရာဆောင်ရွက်ချက်များ တက်ကြွစွာ ရေးဆွဲချမှတ်ခဲ့ကြောင်း၊ အစိုးရသည် ပြုပြင်ပြောင်းလဲမှုတွန်းအားပေးပြီးရင်းနှီးမြှုပ်နှံရေး ပတ်ဝန်းကျင် ကောင်းမွန်အောင်ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

   Webradio